ထိုင်းနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကူးစက်မှုမြင့်တက်နေ၍ နယ်စပ်ဝင်ပေါက်များကို လုံခြုံရေးတင်းကျပ်ထားစဥ် တရားမဝင်သွားရောက်သည့် ရွှေ့ပြောင်းမြန်မာလုပ်သား၁၉ဦးကို ထိုင်းစစ်တပ်က ယမန်နေ့ညကတွင် ဖမ်းဆီးလိုက်သည်။
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီးနောက် မဲ့လမတ်မြို့နယ်သို့ရောက်ရှိစဥ် တောတွင်းတစ်နေရာ၌ ထိုင်းစစ်တပ်က တွေ့ရှိ၍ ဖမ်းဆီးခြင်းဖြစ်သည်။
အမျိုးသမီးခုနစ်ဦးနှင့် အမျိုးသား၁၂ဦး စုစုပေါင်း ၁၉ဦး ဖမ်းဆီးခံရခြင်းဖြစ်ပြီး မြန်မာလုပ်သားအချို့မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေးကူညီပေးနေသော မြန်မာ အဖွဲ့အစည်းများက ပြောသည်။
စက်တင်ဘာ၁ရက်ကလည်း မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်သွားရောက်သော မြန်မာလုပ်သား ၂၄ဦးမှာ မဲဆောက်မြို့အကျော်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

Public Service Announcement
ထိုင်းအစိုးရသည် ကိုဗစ်ကပ်ရောကူးစပ်မှုထိန်းချုပ်ရန်အတွက် နယ်စပ်ဝင် ပေါက်များကို တင်းကြပ်ထားပြီး တရားမဝင်လာရောက်သူများကိုလည်း ဥပဒေအရအရေးယူဆောင်ရွက်နေကြောင်း မြန်မာအဖွဲ့အစည်းများက ပြောသည်။


















































