ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို ကျော်လွှားနိုင်ရေး အမေရိကန်ဒေါ်လာ ၃ သန်းတန် လူသားချင်းစာနာမှုအကူအညီတွေကို တောင်ကိုရီးယားက မြန်မာကိုပေးအပ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ပြောပါတယ်။
ကူညီထောက်ပံ့မှုတွေ မြန်မာပြည်သူတွေဆီ သေချာစွာရောက်ရှိစေဖို့ တိုက်ရိုက်နဲ့ ပွင့်လင်းမြင်သာစွာ ပေးအပ်သွားမယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ဆီ မရောက်ရှိဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကတစ်ဆင့် ပေးအပ်ဖို့လည်း အကြံပြုထားပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသော အရပ်သားခေါင်းဆောင် တွေကို ဖယ်ရှားပြီး မြန်မာစစ်တပ်က ဖေဖော်ဝါရီမှာ အာဏာသိမ်းချိန်ကစလို့ နိုင်ငံရေးမတည် ငြိမ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေချိန်မှာ အခုလိုကူညီထောက်ပံ့မှုတွေ ပေးအပ်တာဖြစ်ပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားအစိုးရဟာ အကြမ်းဖက်စစ်တပ်ကို ဒဏ်ခတ်အရေးယူဖို့ နိုင်ငံတကာရဲ့လုပ်ဆောင်မှုနဲ့အညီ စစ်ဘက်ဆိုင်ရာပစ္စည်းတင်ပို့မှုတွေကို ရပ်တန့်ခဲ့ပေမယ့် လူသားချင်းစာ နာမှုအကူအညီပေးရေးစီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်မယ်လို့ ပြောဆိုထားပါတယ်။

Public Service Announcement
ကိုးကား – Yonhap


















































