Connect with us

Hi, what are you looking for?

LuduNwayOo

News

ကချင်နှင့်စစ်ကိုင်းအစပ်ရှိ စစ်ကောင်စီတပ်စခန်းကို KIA ဝင်တိုက်

“လောလောဆယ် KIA ကထိုးစစ်ဆင်တဲ့ သဘောမျိုးလို့ ပြောတယ်။ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်လာတဲ့သဘော။ အထိအခိုက်တော့ လောလောဆယ် မကြားရသေးဘူး။ တိုက်ပွဲကတော့ တော်တော်ပြင်းထန်တယ်လို့ကြားတယ်” ဟု ဒေသခံက ပြောသည်။

ပုံစာ - ​ရှေ့တန်းစစ်​မြေပြင်တစ်​နေရာ မှ KIA တပ်သားတစ်ဦး ကို ၂၀၁၂ ခုနှစ်က​ တွေ့ရစဥ်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA)က ယနေ့ နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့၍ တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ဟုမ္မလင်းမြို့နယ်ရှိ နမ့်သာ ဒေသ၌ စက်တင်ဘာ ၇ရက် နံနက် ၁၀နာရီမှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

“လောလောဆယ် KIA ကထိုးစစ်ဆင်တဲ့ သဘောမျိုးလို့ ပြောတယ်။ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်လာတဲ့သဘော။ အထိအခိုက်တော့ လောလောဆယ် မကြားရသေးဘူး။ တိုက်ပွဲကတော့ တော်တော်ပြင်းထန်တယ်လို့ကြားတယ်” ဟု ဒေသခံက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထု၏ ခုခံတွန်းလှန်စစ် စတင်ကြောင်း ကြေညာလိုက်ခြင်းကြောင့် KIAက ထိုးစစ်ဆင်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံက ပြောကြားသည်။

Public Service Announcement

Public Service Announcement

“ ကျွန်တော်တို့ ခန္တီး၊ ဟုမ္မလင်းကို သူတို့အနေနဲ့ လှုပ်ရှားမယ်လို့ မြင်တယ်။ ဘာဖြစ်လို့လည်းဆိုရင် ဒါကအစပ်ဖြစ်နေတာ။ ကချင်ပြည်နယ်ကဆိုရင် KIA အနေနဲ့ ခန္တီး၊ ဟုမ္မလင်းက သွားလာမှု အရမ်းလွယ်ကူတယ်” ဟု ၎င်း ကဆက်​ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့်လည်း ဟုမ္မလင်းနှင့် ခန္တီးမြို့ပေါ်၌ လုံခြုံရေးအင်အားများ တိုးမြှင့်ထားသည်မှာ ၂ရက်ရှိပြီဖြစ်ကြောင်း ဒေသခံက ပြောသည်။

ပြီးခဲ့သည့်လအတွင်းကလည်း ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ကို ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့(SNA)က တိုက်ခိုက်ခဲ့၍ တိုက်ပွဲအချို့ဖြစ်ပွားခဲ့သည်။

KIA က ကချင်ပြည်နယ်အတွင်း၌ စစ်ကောင်စီတပ်စခန်းများ၊ စစ်ကြောင်းများ၊ ယာဉ်တန်းများကို တိုက်ခိုက်နေသည့်အပြင် စစ်ကိုင်းတိုင်းဒေသအချို့နှင့် ရှမ်းမြောက်ဒေသများတွင်လည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

ပုံစာ – ​ရှေ့တန်းစစ်​မြေပြင်တစ်​နေရာ မှ KIA တပ်သားတစ်ဦး ကို ၂၀၁၂ ခုနှစ်က​ တွေ့ရစဥ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။