Connect with us

Hi, what are you looking for?

News

NUGကအရေးပေါ်အခြေအနေကြေညာလိုက်ပြီဖြစ်၍ သံဃသမဂ္ဂ(မန္တလေး)က ပြည်သူ့လုံခြုံရေးကူညီဆောင်ရွက်မည်

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)မှ စစ်အာဏာရှင်များကို စတင်ခုခံတော်လှန်ကြရန် အရေးပေါ်အခြေ အနေ ကြေညာလိုက်ပြီဖြစ်၍ မန္တလေးသံဃာထုဖြင့်ဖွဲ့စည်းထားသော သံဃသမဂ္ဂ(မန္တလေး)သည် ပြည်သူ့လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

(စက်တင်ဘာ ၄ ရက်က ဆန္ဒပြနေသည့် သံဃသမဂ္ဂစစ်ကြောင်းနှင့် ယနေ့ကြေညာချက်၊ ဓာတ်ပုံ - Simulation)

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)မှ စစ်အာဏာရှင်များကို စတင်ခုခံတော်လှန်ကြရန် အရေးပေါ်အခြေ အနေ ကြေညာလိုက်ပြီဖြစ်၍ မန္တလေးသံဃာထုဖြင့်ဖွဲ့စည်းထားသော သံဃသမဂ္ဂ(မန္တလေး)သည် ပြည်သူ့လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အမြစ် ပြတ်ရေးဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးရည်မှန်းချက်ဖြင့် ဖေဖော်ဝါရီ၉ ရက်မှ စတင်ကာ ယနေ့အထိရက်ပေါင်း(၂၁၁)တိုင်တိုင် ပြည်သူလူထုနဲ့အတူရပ်တည်ကာ အကြမ်းဖက်စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြတော်လှန်ခဲ့ပါကြောင်း၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)မှ ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် စစ်အာဏာရှင်များကိုဘက်ပေါင်းစုံမှ ခုခံတော်လှန်ကြဖို့ အရေးဖော်အခြေအနေအဖြစ် ကြေညာလိုက်ပြီဖြစ်၍ မိမိတို့ သံဃသမဂ္ဂ(မန္တလေး)အနေဖြင့် အရေးပေါ်ကာလ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ကွက်/မြို့နယ်အလိုက် လုံခြုံရေးအဖွဲ့များနှင့် ချိတ်ဆက်ပြီး ပြည်သူ့လုံခြုံရေးလုပ်ငန်းများကို လုပ်ကိုင်ဆောက်ရွက်သွားမှာဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် စစ်အာဏာရှင် စနစ်အမြစ်ပြတ်ရေး ပြည်သူ့တော်လှန်ရေးမှာ မိမိတို့တက်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် အရေးပေါ်ကာလအတွင်း အစစအရာရာ သတိ ဝီရိယရှိရှိ လုပ်ကိုင်ဆောင်ရွက်ကြပါရန်အသိပေး တိုက်တွန်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

(စက်တင်ဘာ ၄ ရက်က ဆန္ဒပြနေသည့် သံဃသမဂ္ဂစစ်ကြောင်းနှင့် ယနေ့ကြေညာချက်၊ ဓာတ်ပုံ – Simulation)

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။