Connect with us

Hi, what are you looking for?

News

ဒေါ်လာဈေး ပြင်ပဈေးကွက်တွင် ၁,၉၅၀ကျပ်ပေါက်

ပြင်ပငွေလဲကောင်တာများက စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်သည့် တစ်ဒေါ်လာကို ၁,၇၃၈ကျပ် ဈေးဖွင့် ထားသော်လည်း ပြင်ပဈေးနှင့်အဆမတန်ကွာနေ၍ အရောင်းအဝယ်မရှိဟု ကမာရွတ်မြို့နယ်ရှိ ငွေလဲကောင် တာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အမေရိကန်တစ်ဒေါ်ကို ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ၁,၉၅၀ကျပ်အထိပေါက်ဈေးရှိလာပြီး ဈေးကွက်အတွင်း ဒေါ်လာဝယ်လိုအား မြင့်တက်နေဆဲဖြစ်သည်ဟု ငွေလဲလုပ်ငန်းရှင်များက ပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁,၇၂၄ကျပ် သတ်မှတ်ထားပြီး ပြင်ပ မှောင်ခိုဈေးကွက်တွင် ၁,၉၅၀ကျပ်ရှိနေခြင်းဖြစ်သည်။
ယခုပြင်ပပေါက်ဈေးကို စစ်တပ်အာဏာမသိမ်းခင် ဇန်နဝါရီလကုန်ပိုင်းနှင့် နှိုင်းယှဉ်ပါက တစ်ဒေါ်လာလျှင် ကျပ် ၆၀၀ကျော်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်အာဏာမသိမ်းခင် ဇန်နဝါရီ ၂၉ ရက်က အမေရိကန်တစ်ဒေါ်လာကို ၁,၃၃၇ကျပ်ပေါက်ဈေးရှိခဲ့သည်။

“တနိုင်ငံလုံး စစ်ရေးအရိပ်အငွေ့တွေရှိလာတော့ လူတွေကဒေါ်လာဝယ်စုလာကြတယ်။အခုတော့ ဒေါ်လာက ကြိုက်သလောက်ရောင်း အကုန်မယ် သဘောဖြစ်နေတယ် ”ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

Public Service Announcement

ပြင်ပငွေလဲကောင်တာများက စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်သည့် တစ်ဒေါ်လာကို ၁,၇၃၈ကျပ် ဈေးဖွင့် ထားသော်လည်း ပြင်ပဈေးနှင့်အဆမတန်ကွာနေ၍ အရောင်းအဝယ်မရှိဟု ကမာရွတ်မြို့နယ်ရှိ ငွေလဲကောင် တာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မှောင်ခိုဈေးကွက်တွင် တစ်ဒေါ်လာလျှင် နေ့စဉ် ကျပ် ၅၀မြင့်တက်နေသည်ဟု ၎င်းကဆက်ပြောသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၇လကျော်အတွင်း စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဒေါ်လာသန်း၁၃၀ကျော်ထုတ်ရောင်းခဲ့သည်ဟုဆိုသည်။ သို့သော်စက်တင်လာလတွင် ထုတ်ရောင်းသည်ဟု ကြေညာခြင်းမရှိတော့ပေ ။

နိုင်ငံအတွင်း ဒေါ်လာလိုအပ်ချက်မြင့်တက်လာခြင်းကြောင့် စစ်ကောင်စီဗဟိုဘဏ်က ပို့ကုန်ုလုပ်ငန်းရှင်များ၏ ဒေါ်လာများကို လေးလအတွင်းထုတ်ရောင်းရမည်ဟု ကန့်သတ်ခဲ့သည်။ ထိုသို့ရောင်းချရာတွင်လည်း ၎င်းတို့ စစ်ကောင်စီက သတ်မှတ်ထားသည့် နှုန်းအတိုင်း ပြည်တွင်းဘဏ်များကိုရောင်းချရမည်ဟုအမိန့်ထုတ်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။

သတင်း

ပြည်တွင်း ရွှေ နှင့် ဒေါ်လာ စျေးဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာကြောင်း သတင်းရရှိသည်။