Connect with us

Hi, what are you looking for?

News

အဆိုတော်အီတိုးအပါအဝင် ၉ မိုင်ခြံမှာ ၁၁ ဦးဖမ်းဆီးခံရ

အဆိုတော် အီတိုးအပါအဝင် အတူရှိနေသူ ၁၁ ဦးဟာ စက်တင်ဘာလ ၈ ရက် ညပိုင်းက ရန်ကုန် ၊ ၉ မိုင်မှာရှိတဲ့ ခြံမှာ ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။

မနက် အစောပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး အဖမ်းခံရသူ တွေထဲပါတဲ့ အသက် ၂၅နှစ်အရွယ် လူငယ် အမျိုးသားရဲ့ မိသားစုကတော့ သူတို့ သားနဲ့ လက်ရှိအချိန်ထိ အဆက်အသွယ်မရဘူးလို့ ပြောပါတယ်။

ဒါအပြင် ဖမ်းဆီးရတဲ့အကြောင်းရင်းကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။ ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကိုလည်း စုံစမ်းမရသေးဘူးလို့ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာတော့ ခြံထဲမှာ နှစ်နဲ့ချီပြီး နေထိုင်ခဲ့ကြသူတွေလည်းပါတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

Facebook