Connect with us

Hi, what are you looking for?

News

တပ်စခန်းသိမ်းပိုက်ခံရပြီးနောက် ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်များ စစ်ဆေးမှုတင်းကြပ်

ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကဘောတူတပ်စခန်းကို စက်တင်ဘာ ၉ရက် နံနက်ပိုင်း၌ KNU လက်အောက်ခံတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပြည်သူလူထုများအား စစ် ဆေးမေးမြန်းမှု များ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်သည်။

People's Spring
People's Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ၊ ကျောက်ကြီးမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ တပ်များ လမ်းကင်းနှင့် ပြည်သူလူထုများ ခရီးသွားလာ စစ်ဆေးမှုများပြားလာကြောင်း KNU ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ သတင်းထုတ်ပြန် သည်။

ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကဘောတူတပ်စခန်းကို စက်တင်ဘာ ၉ရက် နံနက်ပိုင်း၌ KNU လက်အောက်ခံတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပြည်သူလူထုများအား စစ် ဆေးမေးမြန်းမှု များ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်သည်။

စက်တင်ဘာ ၁၀ရက် နေ့လည်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ် ခမရ (၃၄၉) တပ်နှင့် ခလရ (၆၀) တို့ ပူးပေါင်းပြီး နတ်သံကွင်းမြို့မှစပြီး ကျောက်စရစ်အုပ်စု အတွင်းသို့ လမ်းကင်းချကာ ပြည်သူလူထုသွားလာမှုကို စစ်ဆေးမေးမြန်းမှု ပြုလုပ်နေကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုအပြင် လယ်ဝိုင်းကြီးကျေးရွာ နောင်ကုန်းတံတားပေါ်တွင် အရပ်သားကားဖြင့် တပ်အင်အားလာချထားနေသည်ကို သတင်းရကြောင်းဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

လမ်းကင်းချထားပြီး ပြည်သူသွားလာမှုအား စစ်ဆေးခြင်းနှင့် စစ်တပ်အင်အားများ ကျေးရွာအတွင်း တပ်များချထားခြင်းသည် ပြည်သူအတွက် လူမှုဘဝလှုံခြံမှုနှင့် စိတ်လုံခြုံမှု ၊ သွားလာခက်ခဲခြင်းစသည့် အခက်အခဲများ ကြုံနေရသည်ဟု ဆိုသည်။

လတ်တစ်လောအချိန်တွင် ကျောက်ကြီးမြို့နယ်ရှိ ပြည်သူလူထုများ ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်ပွားမှုနှင့် အကြမ်းဖက်စစ်အာဏာသိမ်းကော်စီအုပ်စု လှုပ်ရှားမှုများကြောင့် စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေရသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို