Connect with us

Hi, what are you looking for?

News

စိုက်ပျိုးစရိတ်နဲ့ ကိုဗစ်-၁၉ ချေးငွေတွေ ပြန်လည်ပေးဆပ်ရမယ့်ရက်ကို တစ်နှစ်နောက်ဆုတ်တယ်လို့ NUG ထုတ်ပြန်

အဲဒီလို သက်တမ်းတစ်နှစ်တိုးမြှင့်ပြင်ဆင်လိုက်တာကြောင့် ဒဏ်တိုးပေးဆောင်ရန်မလိုတဲ့အပြင် ချေးငွေအပေါ် ပုံမှန်ကောက်ခံတဲ့ ၅ ရာခိုင်နှုန်းကိုလည်း ကင်းလွတ်ခွင့်ပြုတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေနဲ့ ကိုဗစ်-၁၉ ချေးငွေ ပြန်လည်ပေးဆပ်ရမယ့်ရက်ကို တစ်နှစ်တိတိနောက် ဆုတ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီနေ့ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ အဆင်အခြင်မဲ့စွာ အာဏာသိမ်းမှုကြောင့် တောင်သူလယ်သမားတွေအပါအဝင် ပြည်သူတစ်ရပ်လုံး ဘက်ပေါင်းစုံအကျပ်အတည်းနဲ့ရင်ဆိုင်နေရတာကြောင့် တောင်သူလယ်သမားသက်သာချောင်ချိရေးကို ရှေးရှုပြီး တစ်နှစ်တိတိသက်တိုးမြှင့်တာဖြစ်လို့ NUG က ဆိုပါတယ်။

အဲဒီလို သက်တမ်းတစ်နှစ်တိုးမြှင့်ပြင်ဆင်လိုက်တာကြောင့် ဒဏ်တိုးပေးဆောင်ရန်မလိုတဲ့အပြင် ချေးငွေအပေါ် ပုံမှန်ကောက်ခံတဲ့ ၅ ရာခိုင်နှုန်းကိုလည်း ကင်းလွတ်ခွင့်ပြုတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။