Connect with us

Hi, what are you looking for?

News

အလုပ်သွားလုပ်မယ့် မန္တလေးက မြန်မာ ၁၁ ဦး ထိုင်းမှာဖမ်းခံရ

လူအုပ်တစု နယ်စပ်ကိုဖြတ်ကျော်လာပြီး တောအုပ်ထဲမှာ ပုန်းခိုနေတယ်ဆိုတဲ့ ဒေသခံတဦးရဲ့ သတင်းပေးချက်အရ အထူးတပ်ဖွဲ့ တွေက ညပိုင်းမှာသွားရောက်ဖမ်းဆီးခဲ့တာလို့သိရပါတယ်။

ဓာတ်ပုံ − ဘန်ကောက်ပို့စ်

ထိုင်းနိုင်ငံ၊ ကန်ချနာရီဘူရီ၊ ဆိုင်ယော့ခရိုင် အတွင်းမှာ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်လာတဲ့ မြန်မာ့ ၁၁ ဦးကို မနေ့က စက်တင်ဘာလ ၁၄ ရက် ညပိုင်းမှာ ဖမ်းမိတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

လူအုပ်တစု နယ်စပ်ကိုဖြတ်ကျော်လာပြီး တောအုပ်ထဲမှာ ပုန်းခိုနေတယ်ဆိုတဲ့ ဒေသခံတဦးရဲ့ သတင်းပေးချက်အရ အထူးတပ်ဖွဲ့ တွေက ညပိုင်းမှာသွားရောက်ဖမ်းဆီးခဲ့တာလို့သိရပါတယ်။

ဖမ်းမိတဲ့ ၁၁ ဦးထဲဟာ အသက် ၁၉ နှစ်ကနေ ၃၈ နှစ်ကြား ရှိကြပြီး အမျိုးသား ၈ ဦးနဲ့အမျိုးသမီး ၃ ဦး တို့ဖြစ် ကာ မန္တလေး က ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သူတို့ကို ထိုင်းနယ်စပ် ထိ မြန်မာလမ်းပြ က ဦးဆောင်ခေါ်လာခဲ့ပြီး အဲဒီနောက် ထိုင်းနိုင်ငံသားတဦးထံကို လွှဲပေးခဲ့ပြီး နောက်တဆင့်ခရီးဆက်ဖို့ စောင့်ဆိုင်းနေကြချိန်မှာ ဖမ်းမိခဲ့တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းမိသွားတဲ့ မြန်မာ ၁၁ ဦးဟာ ထိုင်းမှာ အလုပ်လာလုပ်ကြတဲ့သူတွေဖြစ်ပြီး တဦးကို ဘတ်ငွေ ၁၈၀၀၀ ကနေ ၂၀၀၀၀ အထိ အလုပ်ရှာပေးမယ့် ပွဲစားကို ပေးရတယ်လို့ ဆိုကြပါတယ်။

(ဖမ်းခံရပြီးနောက် ကိုဗစ်ကူးစက်ခံထားရတာရှိမရှိ စစ်ဆေးနေပုံ)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။