Connect with us

Hi, what are you looking for?

News

တပ်တွင်းအင်အားချိနဲ့လာလို့ စစ်သားဇနီးတွေပါ လက်နက်ကိုင်ပြန်တိုက်ဖို့ အကြမ်းဖက်စစ်တပ် ညွှန်ကြားနေ

“ရဲမေများကို စစ်သည်အဖြစ်အသုံးပြုခြင်းမှာ စစ်ရာဇ ဝတ်မှုမြောက်ပါတယ်။ ရဲမေများအနေနဲ့ လက်နက်ကိုင် ခိုင်းပါက ငြင်းဆန်ကြဖို့လိုအပ်ပါတယ်” လို့ ပြည်သူ့စစ်သား(People’s Soldiers)က အသိပေးထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်အင်အားချိနဲ့လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ တိုက်ခိုက်လာပါက ရဲမေ (စစ်သားဇနီး)များလည်း လက်နက်ကိုင်ပြန်တိုက်ဖို့ ညွှန်ကြားထားတယ်လို့ ပြည်သူ့စစ်သားစာမျက်နှာကနေ အသိပေးပါတယ်။

ကရင်နဲ့ မွန်ပြည်နယ်က မြို့နယ်တွေပါဝင်တဲ့ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အလိုက် အမြောက်တပ်၊ စခန်းတွေကို ဦးတည်တိုက် ခိုက်ဖို့ သတင်းရရှိထားတာကြောင့် လုံခြုံရေးဂရုစိုက်ဖို့နဲ့ PDF များက တိုက်ခိုက်လာပါက ရဲမေများအပါအဝင် နောက်တန်းလူ၊ လက်နက်၊ ခဲယမ်းဖွဲ့စည်းပုံပြင်ဆင်ထားဖို့ တပ်တွင်းကြေးနန်းနဲ့ ညွှန်ကြားထားတာပါ။

“ရဲမေများကို စစ်သည်အဖြစ်အသုံးပြုခြင်းမှာ စစ်ရာဇ ဝတ်မှုမြောက်ပါတယ်။ ရဲမေများအနေနဲ့ လက်နက်ကိုင် ခိုင်းပါက ငြင်းဆန်ကြဖို့လိုအပ်ပါတယ်” လို့ ပြည်သူ့စစ်သား(People’s Soldiers)က အသိပေးထုတ်ပြန်ပါတယ်။

PDF များတိုက်ခိုက်လာပါက မည်သို့တုန့်ပြန်တိုက်ခိုက်မည်ကို တပ်နယ်မှူးတွေက မြေပြင်အခြေအနေသုံးသပ်ပြီး ရန်သူလုပ်ဆောင်လာနိုင်တဲ့နည်းလမ်း၊ မိမိဘက်မှ ပြန်လည် တုန့်ပြန်တိုက်ခိုက်မယ့်နည်းလမ်းကို သုံးသပ်ချက်၊ နောက်တန်းလူ၊လက်နက်၊ ခဲယမ်းဖွဲ့စည်းပုံနဲ့ လက်နက်ကြီးတပ်ဆင်ထားမှု၊ မြေပုံအစီအမံတို့ကို ပြန်လည် တင်ပြဖို့ ကြေးနန်းစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ကယန်းဒေသရှိ မြင်းမထိတောင်သတ္တုလုပ်ကွက်သို့ ရိက္ခာပို့ယာဥ်အား ဒေသခံများကတားဆီးရာ အဆိုပါသတ္ထုတူးဖော်မှုလုပ်ကိုင်နေသော တရုတ်ကုမ္ပဏီက လက်နက်ကိုင်များခေါ်၍ ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်။

သတင်း

People’s Spring ထိုင်းနိုင်ငံ တောင်ဖက်စွန်း၊ မလေးရှားနဲ့ နယ်စပ်နားက မြို့တစ်မြို့မှာလက်နက်ကိုင်​သောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုကြောင့် ကျီးလန့်စာစား အခြေအနေတွေ ဖြစ်ပေါ်ပြီး အရေးပေါ် လုံခြုံရေး အစီအမံတွေ မြှင့်တင်ထားရတယ်လို့ ဘန်​ကောက်ပို့စ်သတင်းစာက​ဖော်ပြပါတယ်။ မတ်လ ၈ ရက်နေ့ ညပိုင်းတုန်းက နာရာသီဝပ် ပြည်နယ်ရဲ့ အဓိက မြို့ကြီး...

သတင်း

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။

သတင်း

သနန်ရွာရှိ အကျဉ်းစခန်းကို နိုဝင်ဘာ၂၂ ရက်နံနက် ၈နာရီတွင် စတင်တိုက်ခဲ့ပြီး ည ၉နာရီတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟုသိရသည်။ထိုအကျဉ်းစခန်း စခန်းမှူးကိုလည်း အရှင်ဖမ်းမိခဲ့သည်ဟုလည်းအသိ​ပေးထားသည်။

Facebook