Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ဗဟိုဘဏ်က ဒေါ်လာထုတ်မရောင်းသည့်နေ့တွင် ဒေါ်လာစျေးပြန်တက်

ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ၂,၁၀၀ကျပ်ထိပေါက်ဈေးရှိနေချိန်တွင် စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာ ၂၃ သန်းကို ကျပ် ၁,၇၅၀ကျပ်ဖြင့် စက်တင်ဘာ ၁၃ ရက်နှင့် စက်တင်ဘာ၁၅ရက်တို့တွင် နှစ်ရက်ခွဲရောင်းခဲ့သည်။

စစ်ကောင်စီ၏ဗဟိုဘဏ်က ဒေါ်လာထုတ်မရောင်းနိုင်သည့်နေ့တွင် ဒေါ်လာဈေးပြန်တက်ပြီး တစ်ဒေါ်လာ ကျပ် ၂,၀၀၀ခန့်အထိ ပြန်တက်လာကြောင်း ငွေလဲလုပ်ငန်းရှင်များထံမှ သိရသည်။

စစ်ကောင်စီ၏ဗဟိုဘဏ်က ဒေါ်လာကို ထပ်မံထုတ်မရောင်းနိုင်သည့် ဈေးကွက်တွင်း ဒေါ်လာဝယ်လိုအား ပြန်တက်လာခြင်းနှင့် သတင်းအမှားပြန့်နှံလာခြင်းကြောင့် ယခုလို ပြန်မြင့်တက်လာခြင်းဖြစ်သည်ဟု ငွေလဲကောင် တာပိုင်ရှင်အချို့က ပြောသည်။

ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ၂,၁၀၀ကျပ်ထိပေါက်ဈေးရှိနေချိန်တွင် စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာ ၂၃ သန်းကို ကျပ် ၁,၇၅၀ကျပ်ဖြင့် စက်တင်ဘာ ၁၃ ရက်နှင့် စက်တင်ဘာ၁၅ရက်တို့တွင် နှစ်ရက်ခွဲရောင်းခဲ့သည်။

ထိုသို့ရောင်းချခဲ့ပြီးနောက် ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ၁,၉၃၀ကျပ်အထိပြန်လည်ကျဆင်းခဲ့သော်လည်း စက်တင်ဘာ ၁၆ ရက်တွင် ဗဟိုဘဏ်က ဒေါ်လာထုတ်မရောင်းနိုင်ခဲ့၍ ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ၁,၉၈၀ကျပ် ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“ဗဟိုဘဏ်က ဒေါ်လာထုတ်မရောင်းတာနဲ့ အပြင်ဈေးကွက်မှာ ဒေါ်လာက ပြန်တက်လာပဲ။ ဗဟိုဘဏ်က ဈေးကွက်လိုအပ်သလောက်မရောင်းနိုင်တော့ ဈေးက ဆက်တတ်မယ့် သဘောပါပဲ”ဟု ဗိုလ်တစ်ထောင်မြို့နယ်မှ ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

ကျပ် ၅,၀၀၀တန်နှင့် ၁၀,၀၀၀တန်များ တရားဝင်ငွေကြေးမှ ရပ်စဲကြောင်း ကြေငြာချက် အတုထွက်ပေါ်လာပြီးနောက် ဒေါ်လာဈေးမြင့်တက်လာသည်ဟု ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူများက ပြောသည်။

“ဒေါ်လာဈေးအတက်အကျကို အမျိုးမျိုးကောလဟာလတွေ ထုတ်နေကြတယ်။ စစ်တပ်ဘက်ကလည်း ဒေါ်လာတွေဈေးကျတော့မယ်။ ရောင်းထားကြလို့ ဝါဒဖြန့်နေတယ်၊ တချို့ကလည်း အခုလို့ စာအတုတွေထုတ်ပြီး ကောလဟာလ အပြိုင်ထုတ်နေကြတယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က စစ်တပ်အာဏာသိမ်းခဲ့သည့် ၇လအတွင်း ဒေါ်လာသန်း ၁၅၀ကို ထုတ်ရောင်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။

သို့သော်လည်း ပြင်ပဈေးကွက်တွင် ဗဟိုဘဏ်က ရောင်းချသည့်ဈေးဖြင့် ဝယ်ယူမရကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။