Connect with us

Hi, what are you looking for?

LuduNwayOo

News

ခြောက်တိုင်းကြောက်မယ့်အထဲမပါဘူးဆိုတဲ့ လောင်းလုံးကသပိတ်

ဆန္ဒပြသူများက ‘ခြောက်တိုင်းကြောက်မယ့်အထဲမှာ လောင်းလုံးသား/သူတွေမပါဘူး’ ကြွေးကြော်သံဖြင့် ချီတက်ခဲ့ကြသည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း အမျိုးသမီးများ၊လူငယ်များနှင့် ကျောင်းသူ၊သားများ ပူးပေါင်းပြီး ယနေ့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒပြသူများက ‘ခြောက်တိုင်းကြောက်မယ့်အထဲမှာ လောင်းလုံးသား/သူတွေမပါဘူး’ ကြွေးကြော်သံဖြင့် ချီတက်ခဲ့ကြသည်။

လက်ရှိအချိန်တွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ အောက်ပိုင်းကျေးရွာအချို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၂၀၀ခန့်ဖြင့် တပ်ဖြန့်နေရာယူကာ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်)က ထုတ်ပြန်သည်။