Connect with us

Hi, what are you looking for?

LuduNwayOo

News

ကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ ကုလမိန့်ခွန်းမှာ မြန်မာ့ဒီမိုကရေစီရေးထောက်ခံပြောကြားဖို့ Forbes ဆောင်းပါးရှင်တိုက်တွန်း

အာဏာရှင်ခေါင်းထောင်လာမှုကို ထင်ရှားစွာပြသနေတဲ့တစ်နေရာက မြန်မာနိုင်ငံဖြစ်ပြီး မြန်မာဟာ ဆယ်စုနှစ် များစွာ လူမဆန်တဲ့စစ်တပ်အုပ်ချုပ်ရေးနဲ့ စနစ်တကျကျူးလွန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားခဲ့ရပါ တယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီနေ့ တက်ရောက် အမှာစကားပြောကြားဖို့ရှိနေချိန်မှာ သူ့အနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးတွေကို ကူညီထောက်ပံ့ဖို့ လိုအပ်တယ်လို့ Forbes Magazine မှာ ဆောင်းပါးရှင် မိုက်ကယ်ပိုစနာက တိုက်တွန်းရေးသားလိုက်ပါတယ်။

ဂျိုးဘိုင်ဒင်ဟာ သမ္မတတာဝန်ယူချိန်ကစလို့ နိုင်ငံခြား ရေးမူဝါဒ မိန့်ခွန်းတွေအနက်အထင်ရှားဆုံးတစ်ခုအဖြစ် ပထမဆုံး အကြိမ်ကုလသမဂ္ဂစင်မြင့်မှာ ဒီနေ့ပြောကြားမှာဖြစ်ပါတယ်။ သမ္မတဂျိုးဘိုင်ဒင်ဟာ ကမ္ဘာတစ်ဝန်း အာဏာရှင်စနစ်ခေါင်းထောင်လာတာကြုံရချိန်မှာ ဒီမိုကရေစီကို ခုခံကာကွယ်ဖို့ ကတိပြုထားပါတယ်။

အာဏာရှင်ခေါင်းထောင်လာမှုကို ထင်ရှားစွာပြသနေတဲ့တစ်နေရာက မြန်မာနိုင်ငံဖြစ်ပြီး မြန်မာဟာ ဆယ်စုနှစ် များစွာ လူမဆန်တဲ့စစ်တပ်အုပ်ချုပ်ရေးနဲ့ စနစ်တကျကျူးလွန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားခဲ့ရပါ တယ်။

အမေရိကန်ဟာ မြန်မာနိုင်ငံက အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ခိုင်ခိုင်မာမာပြသမယ်ဆိုရင် ကုလသမဂ္ဂ စင်မြင့်ပေါ်က သမ္မတ ဘိုင်ဒင်ရဲ့စကားလုံးတွေနဲ့ စတင်ရမှာဖြစ်ပြီး ဒါဟာ မြန်မာစစ်တပ်ကို ပိုမိုအထီးကျန်စေ ခြင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကနေ အပြစ်ကင်းလွတ်ခွင့်ဆက်မပေးဘူးဆိုတဲ့ ရှင်းလင်းတဲ့သတင်းစကား ဖြစ်စေမှာပါ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် သမ္မတဘိုင်ဒင်ဟာ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအပေါ် တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ဖို့၊ ဖမ်းဆီးခံနိုင်ငံ ရေးသမားအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ရွေးကောက်ခံအစိုးရထံအာဏာပြန်လွှဲဖို့ စတာတွေကို တောင်းဆိုသင့် တယ်လို့ Forbes ဆောင်းပါးရှင်က တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံဟာ ဘိုင်ဒင်ရဲ့ ဒီမိုကရေစီအာဂျင်ဒါအတွက် အတိမ်းအစောင်းမခံတဲ့စမ်းသပ်ချက်ဖြစ်ပြီး အခြေခံမူ တွေကို သူ့အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျယ်ကျန်ပြန့်ပြန့်ထောက်ခံထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။