Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က ယခင်ကထက် စစ်ရေးလှုပ်ရှားမှုပိုများလာ၍ တိုက်ပွဲများဆက်ဖြစ်နေဟု KNU တပ်မဟာ (၅)ထုတ်ပြန်

စက်တင်ဘာ ၂၀ရက်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က ယနေ့ထုတ်ပြန်သည်။

အာဏာလုအကြမ်းဖက်စစ်ကောင်စီတပ်များသည် ယခု စက်တင်ဘာလဆန်းပိုင်းမှစ၍ ယခင်လများ ထက်စစ်ရေးလှုပ်ရှားမှု ပိုလုပ်ဆောင်လာ၍ ဖာပွန်ခရိုင်(မူတြော်ခရိုင်) အတွင်း တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)၏ Mutraw Newsက ယနေ့ သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁ရက်မှ ၁၅ရက်အတွင်း တိုက်ပွဲ ၁၂၂ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားပြီး ယင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၇၀ ဦးသေဆုံးကာ ၉၁ဦးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားပြီး ယင်းနောက်ပိုင်း၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟုဆိုသည်။

စက်တင်ဘာ ၂၀ရက်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က ယနေ့ထုတ်ပြန်သည်။

စက်တင်ဘာ ၁ရက်မှ ၂၀ရက်အတွင်း တိုက်ပွဲများ၌ KNU တပ်မဟာ(၅)ဘက်မှလည်း ကျဆုံးသူအချို့နှင့် ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ ၇ခုရှိသည့်အနက် လတ်တလောတွင်၊ တပ်မဟာ(၁)၊ တပ်မဟာ(၃)နှင့် တပ်မဟာ(၆) ဒေသများ၌လည်း တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။