Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်က ယခင်ကထက် စစ်ရေးလှုပ်ရှားမှုပိုများလာ၍ တိုက်ပွဲများဆက်ဖြစ်နေဟု KNU တပ်မဟာ (၅)ထုတ်ပြန်

စက်တင်ဘာ ၂၀ရက်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က ယနေ့ထုတ်ပြန်သည်။

အာဏာလုအကြမ်းဖက်စစ်ကောင်စီတပ်များသည် ယခု စက်တင်ဘာလဆန်းပိုင်းမှစ၍ ယခင်လများ ထက်စစ်ရေးလှုပ်ရှားမှု ပိုလုပ်ဆောင်လာ၍ ဖာပွန်ခရိုင်(မူတြော်ခရိုင်) အတွင်း တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)၏ Mutraw Newsက ယနေ့ သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁ရက်မှ ၁၅ရက်အတွင်း တိုက်ပွဲ ၁၂၂ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားပြီး ယင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၇၀ ဦးသေဆုံးကာ ၉၁ဦးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားပြီး ယင်းနောက်ပိုင်း၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟုဆိုသည်။

စက်တင်ဘာ ၂၀ရက်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က ယနေ့ထုတ်ပြန်သည်။

စက်တင်ဘာ ၁ရက်မှ ၂၀ရက်အတွင်း တိုက်ပွဲများ၌ KNU တပ်မဟာ(၅)ဘက်မှလည်း ကျဆုံးသူအချို့နှင့် ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ ၇ခုရှိသည့်အနက် လတ်တလောတွင်၊ တပ်မဟာ(၁)၊ တပ်မဟာ(၃)နှင့် တပ်မဟာ(၆) ဒေသများ၌လည်း တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။