Connect with us

Hi, what are you looking for?

News

NUG နိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့အဖွဲ့နဲ့ အမေရိကန်နိုင်ငံခြားရေးတာဝန်ရှိသူတွေ မြန်မာ့အရေးဆွေးနွေး

ကုလသမဂ္ဂဌာနချုပ်ရှိရာ အမေရိကန်၊ နယူးယောက်မြို့မှာ အထွေထွေညီလာခံကျင်းပနေပြီး ညီလာခံအစည်း အဝေးကာလမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင် ခံ Mr. Derek Chollet တို့ဟာ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ ကြတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဦးဆောင်တဲ့အဖွဲ့ဟာ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဒီနေ့တွေ့ဆုံကာ မြန်မာ့အရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂဌာနချုပ်ရှိရာ အမေရိကန်၊ နယူးယောက်မြို့မှာ အထွေထွေညီလာခံကျင်းပနေပြီး ညီလာခံအစည်း အဝေးကာလမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင် ခံ Mr. Derek Chollet တို့ဟာ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ ကြတာပါ။

အဲဒီတွေ့ဆုံမှုမှာ မြန်မာ့နိုင်ငံအခြေအနေ၊ လူ့အခွင့်အရေးအခြေအနေ၊ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အခြေအနေတွေနဲ့ COVID-19 ကာကွယ်ဆေးအကူအညီပေးရေးဆိုင်ရာ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ လူအခွင့်အရေးဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုးတို့လည်း တက်ရောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ လက်ရှိ ကျင်းပနေဆဲ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ အဆင့်မြင့်အရာရှိများအဆင့် မျက်နှာစုံညီအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်နေတာဖြစ်ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဟာ ပြီးခဲ့တဲ့ဩဂုတ်လအတွင်း အမေရိကန်၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးနဲ့ အွန်လိုင်းကနေ မြန်မာ့အရေးဆွေးနွေးခဲ့ပြီး အမေရိကန်ဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် NUG အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံသွားမယ်လို့ ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook