Connect with us

Hi, what are you looking for?

LuduNwayOo

News

NUG နိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့အဖွဲ့နဲ့ အမေရိကန်နိုင်ငံခြားရေးတာဝန်ရှိသူတွေ မြန်မာ့အရေးဆွေးနွေး

ကုလသမဂ္ဂဌာနချုပ်ရှိရာ အမေရိကန်၊ နယူးယောက်မြို့မှာ အထွေထွေညီလာခံကျင်းပနေပြီး ညီလာခံအစည်း အဝေးကာလမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင် ခံ Mr. Derek Chollet တို့ဟာ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ ကြတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဦးဆောင်တဲ့အဖွဲ့ဟာ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဒီနေ့တွေ့ဆုံကာ မြန်မာ့အရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂဌာနချုပ်ရှိရာ အမေရိကန်၊ နယူးယောက်မြို့မှာ အထွေထွေညီလာခံကျင်းပနေပြီး ညီလာခံအစည်း အဝေးကာလမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင် ခံ Mr. Derek Chollet တို့ဟာ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ ကြတာပါ။

အဲဒီတွေ့ဆုံမှုမှာ မြန်မာ့နိုင်ငံအခြေအနေ၊ လူ့အခွင့်အရေးအခြေအနေ၊ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အခြေအနေတွေနဲ့ COVID-19 ကာကွယ်ဆေးအကူအညီပေးရေးဆိုင်ရာ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ လူအခွင့်အရေးဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုးတို့လည်း တက်ရောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ လက်ရှိ ကျင်းပနေဆဲ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ အဆင့်မြင့်အရာရှိများအဆင့် မျက်နှာစုံညီအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်နေတာဖြစ်ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဟာ ပြီးခဲ့တဲ့ဩဂုတ်လအတွင်း အမေရိကန်၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးနဲ့ အွန်လိုင်းကနေ မြန်မာ့အရေးဆွေးနွေးခဲ့ပြီး အမေရိကန်ဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် NUG အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံသွားမယ်လို့ ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။