Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူလူထုအတွက် NUGရဲ့ ဦးဆောင်မှုနဲ့ စူးစိုက်ဆောင်ရွက်မှုကို အသိအမှတ်ပြုကြောင်း အမေရိကန်ပြော

မြန်မာပြည်သူတွေ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ဆောင် ရွက်ရာမှာ အကူအညီပေးဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုအားကောင်းအောင် လုပ်ဆောင်ရေးဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း အမြင်ချင်းဖလှယ်ခဲ့တယ်လို့ဆိုပါတယ်။

မြန်မာစစ်အာဏာရှင်ရဲ့ ကြောက်မက်ဖွယ်ရာ အကြမ်း ဖက်မှုကျူးလွန်မှုတွေကိုရင်ဆိုင်နေရတဲ့ မြန်မာပြည်သူ လူထုအတွက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဦးဆောင်မှုနဲ့ စူးစိုက်ဆောင်ရွက်မှုတွေအတွက် အသိအမှတ်ပြုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင် ခံက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက် ဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနဲ့မနေ့က နယူးယောက်မှာတွေ့ဆုံခဲ့သလို မြန်မာနိုင်ငံရဲ့ အမျိူးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်တွေနဲ့လည်းတွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အဲဒီလိုတွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှု အမြန်ဆုံးပြန်လည်အသက်ဝင်ရေးက အရေးကြီးတဲ့အကြောင်း အလေးထားဆွေးနွေးခဲ့ကြသလို တိုင်းရင်းသားနဲ့ ဘာသာရေးအုပ်စုတွေအပါအဝင် လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေးကိုလေးစားတန်ဖိုးထားရေးတွေလ‌ည်း ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာပြည်သူတွေ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ဆောင် ရွက်ရာမှာ အကူအညီပေးဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုအားကောင်းအောင် လုပ်ဆောင်ရေးဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း အမြင်ချင်းဖလှယ်ခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အတိုင်ပင်ခံဒဲရစ်ချောလက်က မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာနဲ့ ပြန်လည်ရောက်ရှိရေး လုပ်ဆောင်နေကြသူအားလုံးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ မလျှော့သောအားပေးထောက်ခံမှုကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခုသီတင်းပတ် အစောပိုင်းက ဆော်ဒီအာရေးဘီးယား ရေနံတင် သင်္ဘောတစ်စီးကို အီရန်က တိုက်ခိုက်လို့ သင်္ဘောသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဆော်ဒီ အစိုးရက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားရဲ့ နာမည်ကို သူ့နာမည် ပြောင်းသင့်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပြု ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကလေးငယ် အပါအဝင် အရပ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ အမေရိကန် တိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန်ခဲ့ကြောင်း အီရန်က ထုတ်ပြန်ပါတယ်။