Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ပစ်ခတ်ဖျက်ဆီးမီးရှို့ထား​​သောကားတစ်စီး​ပေါ်မှ ရုပ်အ​လောင်း

ကား​နောက်ခန်းတွင် မီး​လောင်ကျွမ်းထား​သော ရုပ်အ​လောင်းတစ်​လောင်းကိုလည်း​ တွေ့ရသည်။ သို့​သော် ကား​ပေါ်တွင် ရုပ်အ​လောင်းမည်မျှရှိသည်ကို ရှင်းလင်းစွာမမြင်ရ​ပေ။

ဒီ​မော့ဆိုးမြို့နယ်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွား လျှက်ရှိပြီး အကြမ်းဖက်စစ်​ကောင်စီတပ်ကစက်တင်ဘာ ၂၅ ရက်တွင် ကားတစ်စီးကို ​သေနတ်ဖြင့် လိုက်လံပစ်ခတ်ဖျက်ဆီးခဲ့ပြီး ကား​ပေါ်ပါသူတစ်ဦး၏ ရုပ်အ​လောင်းမီးရှို့ ခံထားသည်ကို​တွေ့ရသည်။

ကား​​မှာ မည်သူ၏ ကားဖြစ်သည် ၊ကား​ပေါ်တွင် လူမည်မျှပါရှိသည်ကို မသိရ​သေးဘဲ အ​ဖြေရှာ​နေဆဲဖြစ်​ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီ​မော့ဆိုးမြို့နယ် ​ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။ ကားနံမှတ်မှာ 7B-5667 ဖြစ်ပြီး မီးရှိုခံထားရသည်မှာ တစ်စီးလုံးပျက်စီး​နေ၍ ယာဥ်အမျိုးအစားကိုမသိရ​သေး​ပေ။

ကား​နောက်ခန်းတွင် မီး​လောင်ကျွမ်းထား​သော ရုပ်အ​လောင်းတစ်​လောင်းကိုလည်း​ တွေ့ရသည်။ သို့​သော် ကား​ပေါ်တွင် ရုပ်အ​လောင်းမည်မျှရှိသည်ကို ရှင်းလင်းစွာမမြင်ရ​ပေ။

ယခုရက်ပိုင်းဒီ​မော့ဆိုး မြို့နယ်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွား​နေပြီး ယမန်​နေ့က စစ်​ကောင်စီတပ်မှ ၁၀ ဦး​သေဆုံးပြီး ​ဒေသခံပြည့်သူ့ကာကွယ်​ရေးအဖွဲ့များဘက်မှ ၁ ဦးကျဆုံးခဲ့​ကြောင်း KNDF ကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။