ထိုးရမယ့်လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီး
မြန်မာနိုင်ငံမှာလက်ရှိကိုဗစ်ကာကွယ်ဆေးကို ထိုးနှံဖို့လိုအပ်တဲ့လူဦးရေရဲ့ ၂၆ ရာခိုင်နှုန်း ထိုးပြီးပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကာကွယ်ဆေးထိုးလို့ရတဲ့ အသက် ၁၈ နှစ်အထက်လူဦးရေက ၃၆.၉ သန်းရှိပြီးတော့ ထိုးရမယ့်လူဦးရေးရဲ့ ၁၀.၀၈ ရာခိုင်နှုန်းဖြစ်တဲ့ စုစုပေါင်းလူဦီးရေ ၃.၇၂ သန်းကို ကာကွယ်ဆေးထိုးပြီးပြီလို့ဆိုပါတယ်။
လတ်တလောမှာ ကာကွယ်ဆေးတွေကို တရုတ်နိုင်ငံကပဲ တင်သွင်းနေပြီး Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေကို ထိုးနှံပေးနေတာဖြစ်ပါတယ်။

Public Service Announcement
ပြည်သူ့ဘဏ္ဍာနဲ့ တရုတ်ကနေဝယ်ယူတဲ့ ကိုဗစ်ကာကွယ်ဆေး Sinopharm အလုံးရေ ၄ သန်း ဒီကနေ့ စက်တင်ဘာ ၂၆ ရက်မှာ ထပ်ရောက်လာတာကြောင့် အရင်ရောက်ပြီးသားဆေးအရေအတွက်တွေနဲ့ပေါင်းရင် စုစုပေါင်း Sinopharm ၁၀ သန်းနဲ့ Sinovac အလုံးရေ ၂ သန်း ရှိပြီဖြစ်ပါတယ်။
Covid Shield ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ အိန္ဒိယနိုင်ငံက လက်ဆောင်ပေးတဲ့ အလုံးရေ ၂ သန်းသာရောက်ရှိထားပြီး Covid Shield ကို အခုအချိန်အထိ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက သွင်းယူထားတာမရှိသေးပါဘူး။


















































