ရန်ကုန်မြို့လယ်ရှိ ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့ရုံး ဗုံးခွဲတိုက်ခိုက်ခံရမှု ယနေ့နံနက်က ဖြစ်ပွားခဲ့သည်။
ယနေ့နံနက် ၇နာရီခွဲအချိန်တွင် ကျောက်တံတားရဲစခန်း လေးလွှာကို 44st-UGအဖွဲ့နှင့် YADFအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခြင်းကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

၎င်းတို့အဖွဲ့မှ ရဲဘော်များ အန္တရာယ်ကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
နောင်တွင်လည်း အာဏာရှင်စစ်အစိုးရနှင့် လက်ကိုင် တုတ်များအား ဒီထက်ထိရောက်စွာတိုက်ခိုက်သွားမည်ဟု သတိပေးထားသည်။
