Connect with us

Hi, what are you looking for?

News

မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို နိုင်ငံတကာက အရေးပေါ်တုံ့ပြန်ဆောင်ရွက်ဖို့ ကုလအတွင်း ရေးမှူးချုပ် ထပ်မံတိုက်တွန်း

ကုလသမဂ္ဂမှာ မနေ့က ဖြန့်ဝေတဲ့ အစီရင်ခံစာအသစ်မှာ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တိုက် တွန်းထားတာဖြစ်ပြီး အဲဒီအစီအရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာမူဆလင်နဲ့ အခြားသော လူနည်းစုတွေရဲ့ လူ့ ခွင့်အရေးအခြေအနေပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုက ဖန်တီးလိုက်တဲ့ နိုင်ငံရေးအကြပ်အတည်းကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂမှာ မနေ့က ဖြန့်ဝေတဲ့ အစီရင်ခံစာအသစ်မှာ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တိုက် တွန်းထားတာဖြစ်ပြီး အဲဒီအစီအရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာမူဆလင်နဲ့ အခြားသော လူနည်းစုတွေရဲ့ လူ့ ခွင့်အရေးအခြေအနေပါဝင်ပါတယ်။

မြန်မာစစ်တပ် အာဏာကိုင်ထားခြင်းက တုံ့ပြန်ဖြေရှင်းဖို့ ပိုမိုခက်ခဲလာမှာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က စိုး ရိမ်ကြောင်းလည်း ပြောပါတယ်။

“မြန်မာနိုင်ငံကို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ် ပြန်ပို့ဖို့အတွက် နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံ တွေရဲ့ ညီညွတ်တဲ့တုံ့ပြန်မှု စတင်ဖို့ အရေးပေါ်ဖြစ်နေပါပြီ” လို့ ဩဂုတ် ၃၁ ရက်စွဲနဲ့ အစီရင်ခံစာမှာ အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအစီရင်ခံစာဖြန့်ဝေမှု အချိန်အတော်ကြာနှောင့်နှေးနေတာနဲ့ပတ်သတ်လို့ ကုလသမဂ္ဂက ရှင်းလင်းချက်မပေး ပါဘူး။

အစီရင်ခံစာကို နိုင်ငံပေါင်း ၁၁၉ နိုင်ငံက အတည်ပြုထားပြီး တရုတ်အပါအဝင် ၃၆ နိုင်ငံက ကန့် ကွက်ထားကာ ဘီလာရုစ်ကတော့ မဲပေးခြင်းမရှိပါဘူး။

နိုင်ငံတကာအသိုင်းအဝိုင်းကြိုးပမ်းမှုဟာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသော အစိုးရအရာရှိတွေကို ချက်ချင်းပြန်လွှတ်ပေးရေး ပါရှိ ရမယ်လို့ အတွင်းရေးမှူးချုပ်က အစီရင်ခံစာမှာ ပြောပါတယ်။

နောက်ပြီး လူသားချင်းစာနာမှုအခွင့်အလမ်းနဲ့ အကူအညီတွေကို အထူးသဖြင့် ထိခိုက်လွယ်ဆုံး အသိုင်းအဝိုင်းများ၊ ရိုဟင်ဂျာမူဆလင်များအကြား၊ ဘင်္ဂလားဒေ့ရှ်နဲ့ အခြားနေရာဒေသတွေကို ထွက်ပြေးနေထိုင်းကြသူအများအပြားထံ ချက်ချင်းရောက်ရှိဖို့လည်း လုပ်ဆောင်ရမယ်လို့ နိုင်ငံ တကာကို တောင်းဆိုထားပါတယ်။

စစ်တပ်အုပ်ချုပ်မှုအမြစ်တွယ်တာကို ကျဉ်းမြောင်းလာအောင် တားဆီးဖို့ အခွင့်အလမ်းနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရည်မှန်းချက်ကို အထောက်အပံ့ပေးဖို့ အရေးကြီးတာကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဆက်လက်ပြောပါတယ်။

ကိုးကား – AFP

ဆက်စပ်သတင်းများ

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။