Connect with us

Hi, what are you looking for?

News

NBC ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ထားတဲ့ ​မေဝင်း​မောင်

NBC ရုပ်သံလိုင်းက ထုတ်လွှင့်နေသည့် New Amsterdam ဇာတ်လမ်းတွဲတွင် မြန်မာလူမျိုးအမျိုးသမီး သရုပ်ဆောင်လိုသောကြောင့် Audition ဝင်ခဲ့ခြင်းဖြစ်သည်ဟုရေးသားထားသည်။

NBC ရုပ်သံလိုင်းက ထုတ်လွင့်နေသည့် ရုပ်သံဇာတ်လမ်းတွဲသစ်ပါဝင်သရုပ်ဆောင်ထားကြောင်း အကယ်ဒမီမေဝင်းမောင်က ၎င်း၏ဖေ့စ်ဘွတ်ခ်၌ရေးသားထားသည်။

“နှစ်ပေါင်းသုံးဆယ်လောက်အတွင်းမှာ လုံးဝ နီးပါး ခေါက်ထားခဲ့ရတဲ့ ကိုယ့်ရဲ့အနုပညာ နဲ့ပါတ်သက်ပြီး လှုပ်ရှားမှုတစ်ခု အတွက် ပါဝင်ဖို့ အခွင့်အရေးတစ်ခုပေါ်လာခဲ့ပါတယ်။ တီးခေါက်ကြည့်တယ်။ ဖြစ်နိုင်မယ်လို့ထင်တယ်။ကြိုးစားကြည့်တယ်။ လှုပ်ရှားခွင့်ရခဲ့ပါတယ်။”ဟု ယင်းရုပ်သံဇာတ်လမ်းတွဲတွင်ပါဝင်ဖြစ်ခဲ့သည့်အကြောင်းကိုရေးသားထားသည်။

NBC ရုပ်သံလိုင်းက ထုတ်လွှင့်နေသည့် New Amsterdam ဇာတ်လမ်းတွဲတွင် မြန်မာလူမျိုးအမျိုးသမီး သရုပ်ဆောင်လိုသောကြောင့် Audition ဝင်ခဲ့ခြင်းဖြစ်သည်ဟုရေးသားထားသည်။

“လှုပ်ရှားဖြစ်တော့လည်း အဆင်ပြေပါတယ်။ တစ်စိမ်းတွေရဲ့အလည်မှာ လို့ဆိုရင်ရပေမယ့် တစ်ကယ်တော့ကိုယ် တစ်သက်လုံး ရင်းနှီးခဲ့တဲ့လုပ်ငန်းခွင်မို့ စိမ်းတယ်လို့မခံစားရပဲ စိတ်အေးချမ်းစွာသက်တောင့်သက်သာ ရှိခဲ့ပါတယ်” ဟုမေဝင်းမောင်က သရုပ်ဆောင်ရသည့် အတွေ့အကြုံကိုရေးသားထားသည်။

Public Service Announcement

Public Service Announcement

ယင်းဇာတ်လမ်းတွဲသည် ဆေးရုံတစ်ရုံမှအဖြစ်အပျက်များကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပြီး ဟေမာတံခွန် ဆိုသည့် အမျိုးသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားကြောင်း ၎င်းကရေးသားထားသည်။

ယင်းဇာတ်လမ်းတွဲတွင် အဓိကသရုပ်ဆောင် ဆရာဝန် “Max”အဖြစ်သရုပ်ဆောင်သူက Ryan Eggold နှင့်တွဲဖက်သရုပ်ဆောင်ခဲ့ရသလို အခြား မြန်မာလူမျိုး နှစ်ဦးနှင့်လည်း အတူတွဲဖက်သရုပ်ဆောင်ခဲ့ရသည်ဟု ၎င်းကဆိုသည်။

New Amsterdam ဇာတ်လမ်းတွဲ၏ Season 4 ကိုလက်ရှိတွင် ထုတ်လွှင့်နေပြီး ၎င်းပါဝင်သရုပ်ဆောင်ထားသည့်အပိုင်းကို ရက်အပြောင်းအလဲမရှိပါက အောက်တိုဘာ ၁၉ ရက်တွင်ပြသမည်ဖြစ်ကြောင်း မေဝင်းမောင်ကရေးသားထားသည်။

“မြင်နေကျ မေဝင်းမောင်နဲ့တော့တူမှာမဟုတ်ပါ။
နှစ်သက်နိုင်ကြပါစေလို့ဆုတောင်းပါတယ်။” ဟု ကြည်ပြာရုပ်ရှင်ဖြင့် အကယ်ဒမီရရှိခဲ့သူ မေဝင်းမောင်က ရေးသားထားသည်။

မေဝင်းမောင်သည် လက်ရှိတွင် အမေရိကန်နိုင်ငံလော့စ်အိန်ဂျလိစ် မြို့၌ အခြေချနေထိုင်လျက်ရှိပြီး မြန်မာနိုင်ငံအတွက် ပြုလုပ်သည့် ရန်ပုံငွေပွဲများတွင်လည်း ပါဝင်ကူညီလေ့ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အကြောင်းအရာ တစ်ခုကို အငြင်းပွားရာက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အင်တာဗျူး အစီအစဉ် တစ်ခုကနေ ဗြုန်းစားကြီး ထပြန်သွားခဲ့ပါတယ်။

သတင်း

ဒီနေ့ပွဲကို ထိုင်းနိုင်ငံက နာမည်ကျော် အနုပညာရှင်အများအပြားတတ်ရောက်ခဲ့ပြီး ဒေါင်းရဲ့ပွဲတတ်ဖက်ရှင်ကိုလည်း ပရိသတ်တွေက သဘောကျခဲ့ပါတယ်။