Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်အောင်ဆန်းစုကြည် အမှု စစ်ဆေးတဲ့ တရားခွင်မှာ ရှေ့နေဦးရေကန့်သတ်ခံရ

ဒီလို တွေ့ဆုံရာမှာ စွပ်စွဲခံရသူ ၅ ဦးရဲ့ ရှေ့နေတွေအားလုံး တရားခွင်တက်ရောက်မယ်ဆိုရင် တရားခွင်မှာနေရာအခက်အခဲရှိတယ်လို့ ပြောတဲ့အကြောင်း တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပြပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ တရားစွဲခံရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရားခွင်မှာ ရှေ့နေ ဦးရေ ကန့်သတ်ခံရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။

ဒီအမှုကို ခရိုင်တရားရုံးကနေ နေပြည်တော်ကောင်စီ ဝန်းထဲမှာ ဖွင့်ထားတဲ့ အထူးတရားရုံးမှာ ဒီမနက်က စစ်ဆေးတာပါ။

တရားခွင်မစတင်မီ ရှေ့နေတွေဟာ ဇဗ္ဗူသီရိမြို့နယ် ရဲစခန်းက ရဲ အရာရှိနဲ့တွေ့ဆုံခဲ့ပါတယ်။

ဒီလို တွေ့ဆုံရာမှာ စွပ်စွဲခံရသူ ၅ ဦးရဲ့ ရှေ့နေတွေအားလုံး တရားခွင်တက်ရောက်မယ်ဆိုရင် တရားခွင်မှာနေရာအခက်အခဲရှိတယ်လို့ ပြောတဲ့အကြောင်း တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် ရှေ့နေဦးရေကိုေ လျာ့ချဖို့ ပြောခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

အမှုသည်ရဲ့အခွင့်အရေးအရ ရှေ့နေကြိုက်သလောက်ဌားခွင့်ရှိတဲ့အကြောင်း ရှေ့နေတွေဖက်က ပြောရာမှာတော့ ရဲအရာရှိက နေရာအခင်းအကျင်းကို ပြန်လည်ပြင်ဆင်ပေးမှာဖြစ်ပေမယ့် ဒီနေ့ အတွက်တော့ အထက်အမိန့်အရ စွပ်စွဲခံရသူ ၁ ဦး ကို ရှေ့နေ ၁ ဦးသာ ဝင်ခွင့်ရမယ့်အကြောင်း ပြောခဲ့တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

တရားခွင် စတင်ချိန်မှာ ရှေ့နေ တွေက အခုလို ဦးရေ ကန့်သတ်ခံတဲ့အပေါ် တရားသူကြီးကို တင်ပြခဲ့ပြီး တရားသူကြီးက နေရာ ထိုင်ခင်းအဆင်ပြေအောင် ဆောင်ရွက်ဖို့ ရဲအရာရှိကို ညွှန်ကြားခဲ့ပါတယ်။

ဒီနေ့ စစ်ဆေးခံရသူ ၅ ဦးကတော့ နိုင်ငံတော် လျှို့ဝှက် ချက် ဥပဒေ နဲ့ တရားစွဲခံထားတဲ့ စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနယ်လ် ၊ ဒေါ်အောင်ဆန်းစုကြည် ၊ #NLD စီမံဘဏ္ဍာဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးဝင်း ၊ ဦးကျော်ဝင်း ၊ ဦးဆက်အောင်တို့ပဲဖြစ်ပါတယ်။

အမှုကိုစတင်စစ်ဆေးပြီးဖြစ်ပေမယ့် အမှုသည်တွေနဲ့ ရှေ့နေ တွေတွေ့ခွင့်မရသေးဘူးလို့သိရပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

နိုင်ငံတကာ

ဟားမားစ်တွေကတော့ ခိုင်လုံမှု မရှိဘဲ အခုလို စွပ်စွဲတဲ့ ကိစ္စတွေအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်တယ်လို့ ပြောကြားထားပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

နိုင်ငံတကာ

၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့်က လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကို အရေးနိမ့်ခဲ့တဲ့နောက် ဘိုင်ဒန်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်ခင် ရက်ပိုင်းအလို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှာ ထရမ့်ကို အားပေးထောက်ခံသူ လက်ယာစွန်း ဝါဒီတွေက အမေရိကန် လွှတ်တော် အဆောက်အအုံကို...