Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည် အမှု စစ်ဆေးတဲ့ တရားခွင်မှာ ရှေ့နေဦးရေကန့်သတ်ခံရ

ဒီလို တွေ့ဆုံရာမှာ စွပ်စွဲခံရသူ ၅ ဦးရဲ့ ရှေ့နေတွေအားလုံး တရားခွင်တက်ရောက်မယ်ဆိုရင် တရားခွင်မှာနေရာအခက်အခဲရှိတယ်လို့ ပြောတဲ့အကြောင်း တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပြပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ တရားစွဲခံရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရားခွင်မှာ ရှေ့နေ ဦးရေ ကန့်သတ်ခံရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။

ဒီအမှုကို ခရိုင်တရားရုံးကနေ နေပြည်တော်ကောင်စီ ဝန်းထဲမှာ ဖွင့်ထားတဲ့ အထူးတရားရုံးမှာ ဒီမနက်က စစ်ဆေးတာပါ။

တရားခွင်မစတင်မီ ရှေ့နေတွေဟာ ဇဗ္ဗူသီရိမြို့နယ် ရဲစခန်းက ရဲ အရာရှိနဲ့တွေ့ဆုံခဲ့ပါတယ်။

ဒီလို တွေ့ဆုံရာမှာ စွပ်စွဲခံရသူ ၅ ဦးရဲ့ ရှေ့နေတွေအားလုံး တရားခွင်တက်ရောက်မယ်ဆိုရင် တရားခွင်မှာနေရာအခက်အခဲရှိတယ်လို့ ပြောတဲ့အကြောင်း တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် ရှေ့နေဦးရေကိုေ လျာ့ချဖို့ ပြောခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

အမှုသည်ရဲ့အခွင့်အရေးအရ ရှေ့နေကြိုက်သလောက်ဌားခွင့်ရှိတဲ့အကြောင်း ရှေ့နေတွေဖက်က ပြောရာမှာတော့ ရဲအရာရှိက နေရာအခင်းအကျင်းကို ပြန်လည်ပြင်ဆင်ပေးမှာဖြစ်ပေမယ့် ဒီနေ့ အတွက်တော့ အထက်အမိန့်အရ စွပ်စွဲခံရသူ ၁ ဦး ကို ရှေ့နေ ၁ ဦးသာ ဝင်ခွင့်ရမယ့်အကြောင်း ပြောခဲ့တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

တရားခွင် စတင်ချိန်မှာ ရှေ့နေ တွေက အခုလို ဦးရေ ကန့်သတ်ခံတဲ့အပေါ် တရားသူကြီးကို တင်ပြခဲ့ပြီး တရားသူကြီးက နေရာ ထိုင်ခင်းအဆင်ပြေအောင် ဆောင်ရွက်ဖို့ ရဲအရာရှိကို ညွှန်ကြားခဲ့ပါတယ်။

ဒီနေ့ စစ်ဆေးခံရသူ ၅ ဦးကတော့ နိုင်ငံတော် လျှို့ဝှက် ချက် ဥပဒေ နဲ့ တရားစွဲခံထားတဲ့ စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနယ်လ် ၊ ဒေါ်အောင်ဆန်းစုကြည် ၊ #NLD စီမံဘဏ္ဍာဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးဝင်း ၊ ဦးကျော်ဝင်း ၊ ဦးဆက်အောင်တို့ပဲဖြစ်ပါတယ်။

အမှုကိုစတင်စစ်ဆေးပြီးဖြစ်ပေမယ့် အမှုသည်တွေနဲ့ ရှေ့နေ တွေတွေ့ခွင့်မရသေးဘူးလို့သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီစာက မွေးနေ့ရှင်အတွက် ရေးတဲ့စာပါ။ အခြားမွေးနေ့တွေထက် ဒီနှစ်မွေးနေ့က ထူးခြားတဲ့မွေးနေ့အခါမို့ ရေးဖြစ်တာဆိုရင်လည်း မမှားပါဘူး။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူအားလုံး ​ဘေးကင်းတဲ့နည်းလမ်း​တွေနဲ့ပါဝင်ကြဖို့ သပိတ်​ခေါင်း​ဆောင်​တွေ ၊​သပိတ်အဖွဲ့နဲ့​တော်လှန်​​ရေးအင်အားစု​တွေက နှိုး​ဆော်​ပါတယ်။