Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်၏ ထောက်ပို့ယာဉ်များကို KIA တိုက်ခိုက်

KIA တပ်မဟာ(၃) တပ်ရင်း (၁၅) နယ်မြေတွင်လည်း စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းစစ်တပ်ကို ယနေ့ မနက် ပိုင်းက လုံဂျာရွာဟောင်း၌ KIA က တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ထောက်ပို့ကားများကို ယနေ့ (စက်တင်ဘာ ၃၀ရက်)နံနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း ကချင်လက်နက်ကိုင်အဖွဲ့(KIA) သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmeseက သတင်းဖော်ပြသည်။

KIA တပ်မဟာ(၂)၊ တပ်ရင်း (၁၁) နယ်မြေ ကချင် ပြည် နယ် မိုးကောင်းမြို့နယ် နမ္မတီးမှစစ်အသုံးအ ဆောင်ပစ္စည်းများတင်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏ ယာဉ်များကို KIAက မရန်ကထောင်ရွာအနီး၌ ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

KIA တပ်မဟာ(၃) တပ်ရင်း (၁၅) နယ်မြေတွင်လည်း စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းစစ်တပ်ကို ယနေ့ မနက် ပိုင်းက လုံဂျာရွာဟောင်း၌ KIA က တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

အာဏာသိမ်းတပ်ဖွဲ့များ လုံဂျာတောင်ဘက်သို့ တက်လာချိန် KIAမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ မိုးမောက်မြို့တွင်တပ်စွဲထားသော အာဏာသိမ်းစစ်တပ်မှ တိုက်ပွဲ ဖြစ်ပွားသည့် နေရာအနီးသို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများ အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေခြင်းကြောင့် ကချင် ပြည်နယ် တနိုင်းဒေသတွင်လည်း KIAနှင့် နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။