Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်၏ ထောက်ပို့ယာဉ်များကို KIA တိုက်ခိုက်

KIA တပ်မဟာ(၃) တပ်ရင်း (၁၅) နယ်မြေတွင်လည်း စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းစစ်တပ်ကို ယနေ့ မနက် ပိုင်းက လုံဂျာရွာဟောင်း၌ KIA က တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ထောက်ပို့ကားများကို ယနေ့ (စက်တင်ဘာ ၃၀ရက်)နံနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း ကချင်လက်နက်ကိုင်အဖွဲ့(KIA) သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmeseက သတင်းဖော်ပြသည်။

KIA တပ်မဟာ(၂)၊ တပ်ရင်း (၁၁) နယ်မြေ ကချင် ပြည် နယ် မိုးကောင်းမြို့နယ် နမ္မတီးမှစစ်အသုံးအ ဆောင်ပစ္စည်းများတင်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏ ယာဉ်များကို KIAက မရန်ကထောင်ရွာအနီး၌ ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

KIA တပ်မဟာ(၃) တပ်ရင်း (၁၅) နယ်မြေတွင်လည်း စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းစစ်တပ်ကို ယနေ့ မနက် ပိုင်းက လုံဂျာရွာဟောင်း၌ KIA က တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

အာဏာသိမ်းတပ်ဖွဲ့များ လုံဂျာတောင်ဘက်သို့ တက်လာချိန် KIAမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ မိုးမောက်မြို့တွင်တပ်စွဲထားသော အာဏာသိမ်းစစ်တပ်မှ တိုက်ပွဲ ဖြစ်ပွားသည့် နေရာအနီးသို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများ အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေခြင်းကြောင့် ကချင် ပြည်နယ် တနိုင်းဒေသတွင်လည်း KIAနှင့် နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။