Connect with us

Hi, what are you looking for?

LuduNwayOo

News

ကုလနှင့် မဟာမိတ်အဖွဲ့များက မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး ၆ ဒဿမ ၂ သန်းထောက်ပံ့မည်

NUG နှင့်တိုင်းရင်းသားကျန်းမာ​ရေးအဖွဲ့အစည်းများပူး​ပေါင်းဖွဲ့စည်းထား​သောအမျိုးသားကျန်းမာ​ရေး​ကော်မတီက ကိုဗစ်ကာကွယ်​ဆေး များရရှိ​အောင်UN​အေဂျင်စီများ ၊အ​မေရီကန် ၊တရုတ် ၊ပြင်သစ်၊သြစ​တြေးလျ၊ ဂျပန် စ​သောနိုင်ငံများမှ အကူအညီများ​တောင်းခံခဲ့ပြီး အချို့​ဆေးများမှာရရှိ​နေပြီဖြစ်​ကြောင်းလည်း ကျန်းမာ​ရေးဝန်ကြီး ​ဒေါင်တာ​ဇော်​ဝေစိုး က​ပြောကြားထားသည်။

ကမ္ဘာ့ကုလသမဂ္ဂနှင့် မဟာမိတ်အဖွဲ့များပူးပေါင်း၍ မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး ၆ ဒဿမ ၂ သန်းပေးအပ်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့များက ယနေ့ (စက်တင်ဘာ ၃၀တွင်)ပူးတွဲထုတ်ပြန်သည်။

ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့များ၏ COVID-19 ကာကွယ်ဆေးထိုးခြင်း အရှိန်အဟုန်မြှင့်ရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် COVAX1 ပံ့ပိုးမှုနှင့် မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေး ၆ ဒသမ ၂ သန်းကို ဦးစွာပဏာမခွဲဝေပေးထားပြီး ၎င်းကာကွယ်ဆေးများကို WHO ၏ ဦးစားပေးလမ်းညွှန်ချက်များနှင့်အညီ ဖြန့်ဝေရပါမည် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကာကွယ်ဆေးအတွက် သင့်လျော်သော အအေးခန်းများထားရှိနိုင်မှုနှင့် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများ၏ လုံခြုံရေး အာမခံချက်များအပေါ်တွင် မူတည်ပြီး အဓိကတာဝန်ရှိသည့် သက်ဆိုင်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။အဓိကတာဝန်ရှိသည့် သက်ဆိုင်သူများနှင့်​တွေ့ဆုံ​ဆွေး​နွေး​နေသည်ဟု​ဖော်ပြ​သော်လည်း မည်သည့်အဖွဲ့အစည်းဖြစ်သည်ကို အ​​သေးစိတ်​ဖော်ပြထားခြင်းမရှိ​ပေ ။

အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ GAVI, UNICEF နှင့် WHO တို့သည် လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့၏ အဓိကရည်မှန်းချက်ဖြစ်သော လူ့အသက်များအားကယ်တင်ခြင်းအား ဆက်လက်လုပ်ဆောင်သွားနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ကာကွယ်ဆေးထိုးခြင်းစနစ် ပြန်လည်အသက်ဝင်စေရန် အတွက် ဦးတည်သော ပထမခြေလှမ်းတစ်ခုဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

Public Service Announcement

Public Service Announcement

တိုင်းရင်းသားကျန်းမာ​ရေးအဖွဲ့အစည်းများနှင့် အမျိုးသားညီညွှတ်​ရေးအစိုးရ(NUG) ၏ကျန်းမာ​ရေးဝန်ကြီးဌာနတို့ ပူး​ပေါင်းဖွဲ့စည်းထား​သော COVID-19 ကာကွယ်ထိန်းချုပ်ကုသ​ရေးအဖွဲ့ (CTF)က စကွတင်ဘာ ၁၆ ရက်တွင်အချက် ၆ ချက်ပါ​သော မူဝါဒကိုထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် ကိုဗစ်​ရောဂါကိုထိန်းချုပ်နိုင်ရန်အတွက် ကုလအဖွဲ့အစည်းများအပါအဝင် မိတ်ဖက်အဖွဲ့အစည်းများ ၊အလှူရှင်နိုင်ငံများအ​နေဖြင့် NUG ကို​သော်လည်း​ကောင်း ၊စစ်​ကောင်စီကို​သော်လည်း​ကောင်း ၊တိုင်းရင်းသားအဖွဲ့အစည်းများကို​သော်လည်း​ကောင်းညီမျှစွာဆက်ဆံရန်လိုအပ်​ကြောင်း​ဖော်ပြထားသည်။ထို့အပြင်စစ်​ကောင်စီကိုဆက်ဆံရာတွင်လည်း လုပ်ငန်းသ​ဘောအရသာဖြစ်ပြီး အသိ့အမှတ်ပြု​သည့်သက်​ရောက်မှုမဖြစ်​စေရန် သတိ့ပြုရမည်ဟု ​ထောက်ပြထားသည်။ကာကွယ်​ဆေးသယ်​ဆောင်ခြင်း ၊ထိုးနှံခြင်းတို့နှင့်ပတ်သပ်၍ လည်းအာဏာသိမ်ယ စစ်​ကောင်စီက မ​နှောက်ယှက်​စေရန် အ​သေးစိတ် အကြံပြုထားပြီး တတိယအဖွဲ့အစည်းအ​နေဖြင့် ​ဆေးထိုးနှံ​ပေးရန် ​တောင်းဆိုထားသည်ကိုလည်း​တွေ့ရသည်။

NUG နှင့်တိုင်းရင်းသားကျန်းမာ​ရေးအဖွဲ့အစည်းများပူး​ပေါင်းဖွဲ့စည်းထား​သောအမျိုးသားကျန်းမာ​ရေး​ကော်မတီက ကိုဗစ်ကာကွယ်​ဆေး များရရှိ​အောင်UN​အေဂျင်စီများ ၊အ​မေရီကန် ၊တရုတ် ၊ပြင်သစ်၊သြစ​တြေးလျ၊ ဂျပန် စ​သောနိုင်ငံများမှ အကူအညီများ​တောင်းခံခဲ့ပြီး အချို့​ဆေးများမှာရရှိ​နေပြီဖြစ်​ကြောင်းလည်း ကျန်းမာ​ရေးဝန်ကြီး ​ဒေါင်တာ​ဇော်​ဝေစိုး က​ပြောကြားထားသည်။

“အခုအချိန်မှာဆိုရင် အဲဒီ​အကူအညီ​တွေရ​နေပြီ ။ ရလာတဲ့အကူအညီ​တွေကိုလည်းပဲ တတိယအဖွဲ့အစည်းအ​နေနဲ့ UNICEF တို့ UNIOPS တို့ ၊GAVI တို့လို တတိယအဖွဲ့အစည်း​တွေအ​နေနဲ့​ပေးဖို့ ။ ဘာလို့လဲဆို​တော့တတိယအဖွဲ့အစည်းအ​နေနဲ့လုပ်မှသာလျှင် အန္တရာယ်လည်းကင်းတဲ့အပြင် စိတ်ချယုံကြည်မှုရ​အောင်။ UN အထွဲ့အစည်း​တွေအ​နေနဲ့ ကာကွယ်​ဆေးထိုးခွင့်ဆိုတဲ့ -Right to Vaccine ။ပြည်သူ​တွေကာကွယ်​ဆေးထိုးရဖို့ အဓိကဆိုတဲ့ မူကိုကိုင်စွဲပြီး​တော့ ​တောင်း​ဆိုခဲ့တဲ့အတွက်
အခုဆိုရင်ကာကွယ်​ဆေးဗမာပြည်ကို စပြီး​ရောက်ရှိလာ​နေပြီ ။ စတင်ပြီး​တော့လည်း ထိုးနှံမှု​တွေ လုပ်​နေပြီ ။ ​ရှေ့​လျှောက်ပြီး​တော့လည်း ​ရောက်လာလိမ့်မယ်လို့ ဆရာ့အ​နေနဲ့ ပြည်သူကို အသိ့​ပေးချင်ပါတယ်” ဟု ​ဒေါက်တာ​ဇော်​ဝေစိုးက COVID-19 ကာကွယ်​ဆေးရ​အောင်ကြိုးစားထားမှုအ​​ခြေအ​နေကို​ပြောသည်။

ကာကွယ်ဆေးထောက်ပံ့မည့်အစီအစဉ်ပူးတွဲထုတ်ပြန်သည့်အဖွဲ့အစည်းများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှဖွဲ့စည်းသည့် COVAX ၊ ကာကွယ်ဆေးထိုးခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးထိုးနှံရေးမဟာမိတ်အဖွဲ့ (GAVI)၊ ကူးစက်ရောဂါကြိုတင်ပြင်ဆင်မှု ဆန်းသစ်တီထွင်မှုများအဖွဲ့(CEPI) စသည်တို့မှာ ပြည်သူ့အစိုးရ (၂၀၁၆-၂၀၂၀ အစိုးရ)လက်ထက်၌ ကိုဗစ်ကာကွယ်ဆေးအတွက် စတင်ချိတ်ဆက်ဆွေးနွေးခဲ့သည့် အဖွဲ့အစည်းများလည်း ဖြစ်သည်။

ထို့အပြင် ယနေ့အထိ လူဦးရေ၏ ၆ဒသမ၈ ရာခိုင်နှုန်းသာ COVID-19 ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီး ၁၃.၁ ရာခိုင်နှုန်းမှာ အနည်းဆုံး တစ်ကြိမ်ထိုးထားသောကြောင့် ကာကွယ်ဆေးထိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခြင်းမရှိပါက ရောဂါကူးစက်မှုကာကွယ်နိုင်ခြင်းအခြေအနေ တိုးတက်စေမှုအားနှောင့်နှေးစေနိုင်ကြောင်းလည်း မဟာမိတ်အဖွဲ့များက သတိပေးထားသည်။

မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ရောဂါစစ်ဆေးထိန်းချုပ်နိုင်မှု အကန့်အသတ်ရှိခြင်း COVID ကာကွယ်ဆေးထိုးပေးနိုင်မှုနည်းပါးခြင်းတို့ကြောင့် COVID-19 ရောဂါအပြင်းအထန်ပျံ့နှံ့ခြင်းကို ဖြစ်ပွားစေခဲ့သည်ဟု ကုလနှင့် မဟာမိတ်အဖွဲ့များက ထောက်ပြသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါကူးစက်ခံရသူ ၄၆၀,၀၀၀ ကျော်ရှိပြီး ယင်းအနက် ၁၈,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း အစီရင်ခံစာတစ်ခုကိုကိုးကားပြီး ပူးပေါင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။သို့​သော်အာဏာသိမ်းစစ်​ကောင်စီ​ကြောင့် ကိုဗစ်တတိယလှိုင်းတွင်ပင်​သေဆုံးသူပြည်သူ​သိန်းနှင့်ချီနိုင်​ကြောင်း​ထောက်ပြမှုများလည်းရှိသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။