Connect with us

Hi, what are you looking for?

News

စစ်ကိုင်းနဲ့ မကွေးက လူသားချင်းစာနာမှုဆိုင်ရာအခြေအနေ စိုးရိမ်ဖွယ်ဖြစ်နေတယ်လို့ ကုလထုတ်ပြန်

ပြင်းထန်လာတဲ့ တိုက်ပွဲတွေ၊ အလုံးစုံလုံခြုံရေးအခြေ အနေနဲ့ COVID-19 နဲ့ဆက်စပ်နေတဲ့ ကန့်သတ်ချက်တွေကြောင့် ထိခိုက်လွယ်မိသားစုတွေထံကို လူသားချင်းစာနာမှုအကူအညီနဲ့ အကာအကွယ်ပေးရေးအစီအစဉ်တွေ ရောက်ရှိဖို့ ခက်ခဲနေတယ်လို့ OCHAက ထုတ်ပြန်ပါ တယ်။

People's Spring
People's Spring

စစ်ကိုင်းနဲ့ မကွေးတိုင်းက လူသားချင်းစာနာမှုဆိုင်ရာအခြေအနေဟာ စိုးရိမ်ဖွယ်ဖြစ်နေပြီး စက်တင်ဘာ ပထမသီတင်းပတ်နှစ်ခုအတွင်း အဲဒီတိုင်းဒေသကြီးနှစ်ခုက ဒေသခံ ၇၅၀၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က ဒီနေ့ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ် အထူးသဖြင့် ထန်တလန်မှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲပြင်းထန်နေပြီး ချင်းပြည်နယ်အတွင်းက မြို့နယ်တော်တော်များများနဲ့ နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ နေရာတွေမှာ လူဦးရေ ၁၂၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက အနီးဝန်းကျင်မြို့နယ်တွေမှာလည်း စိုးရိမ်ဖွယ်လုံခြုံရေးအခြေအနေဖြစ်ပေါ်နေဆဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်အာဏာသိမ်းတဲ့ဖေဖော်ဝါရီ နောက်ပိုင်းတိုက်ပွဲနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် လူဦးရေ ၁၄၂၀၀၀ ခန့် ထွက်ပြေးတိမ်း ရှောင်နေရပါတယ်။

ပြင်းထန်လာတဲ့ တိုက်ပွဲတွေ၊ အလုံးစုံလုံခြုံရေးအခြေ အနေနဲ့ COVID-19 နဲ့ဆက်စပ်နေတဲ့ ကန့်သတ်ချက်တွေကြောင့် ထိခိုက်လွယ်မိသားစုတွေထံကို လူသားချင်းစာနာမှုအကူအညီနဲ့ အကာအကွယ်ပေးရေးအစီအစဉ်တွေ ရောက်ရှိဖို့ ခက်ခဲနေတယ်လို့ OCHAက ထုတ်ပြန်ပါ တယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။