Connect with us

Hi, what are you looking for?

News

စစ်တပ်အာဏာသိမ်းမှု​ကြောင့် ကုန်သွယ်မှုပမာဏ ယမန်နှစ်ထက် ​ကန်ဒေါ်လာခုနစ်ဘီလီယံ ​လျော့နည်း၊ စာရင်းမှန်မဟုတ်ဘဲ ပိုမို​လျော့နည်းနိုင်ဟု လုပ်ငန်းရှင်တစ်ဦး​ပြော

ဘဏ္ဍာနှစ် နှစ်ခုကို နှိုင်းယှဉ်ပါက စစ်တပ်အာဏသိမ်းမူကြောင့် ကုန်သွယ်မှုပမာဏာ ၂၁ ရာခိုင်နှုန်းကျော် လျော့နည်းသွားခြင်းဖြစ်သည်။ ထိုသို့ကုန်သွယ်မူလျော့မူသည် ငါးနှစ်အတွင်း အနည်းဆုံးကုန်သွယ်မူ ပမာဏဖြစ်သည်။

(တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့ရန် မူဆယ်နယ်စပ်ဂိတ်တွင်​တွေ့ရ​သော ကုန်တင်ယာဥ်များ)

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယမန်နှစ်ထက် ကန်ဒေါ်လာခုနစ်ဘီလီယံခွဲကျော် လျော့နည်းသွားကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သောစာရင်းများတွင်ဖော်ပြထားသည်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင်(၂၀၁၉ အောက်တိုဘာ ၁ရက်မှ ၂၀၂၁ စက်တင်ဘာ ၃၀ရက်အထိ) ကုန်သွယ်မှုဒေါ်လာ ၃၆ ဘီလီယံကျော်ရှိပြီး စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ် (၂၀၂၀အောက်တိုဘာ ၁ရက်မှ ၂၀၂၁ စက်တင် ဘာ၃၀ရက်အထိ) တွင် ကုန်သွယ်မှုသည် ကန်ဒေါ်လာ ၂၈ ဘီလီယံသာရှိသည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြထားသည်။

ဘဏ္ဍာနှစ် နှစ်ခုကို နှိုင်းယှဉ်ပါက စစ်တပ်အာဏသိမ်းမူကြောင့် ကုန်သွယ်မှုပမာဏာ ၂၁ ရာခိုင်နှုန်းကျော် လျော့နည်းသွားခြင်းဖြစ်သည်။ ထိုသို့ကုန်သွယ်မူလျော့မူသည် ငါးနှစ်အတွင်း အနည်းဆုံးကုန်သွယ်မူ ပမာဏဖြစ်သည်။

စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၀-၂၁ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုးမှာ ၁၄ ဘီလီယံနှင့် သွင်းကုန်တန်ဖိုးမှာ ၁၄ ဘီလီယံရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုးမှာ ၁၇ ဘီလီယံခွဲကျော်ရှိပြီး သွင်းကုန်တန်ဖိုးမှာ ၁၉ဘီလီယံကျော်ရှိခဲ့သည်။ထိုကြောင့် ပို့ကုန် ၃ ဘီလီယံခွဲကျော်နှင့် သွင်းကုန်တန်ဖိုး ၅ ဘီလီယံကျော် လျော့နည်းခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ထုတ်ပြန်သော ဏိန်းဂဏန်းများသည် အရပ်သားအစိုးရလက်ထက်ကကဲ့သို့ စာရင်းမှန်များမဖြစ်နိုင်ကြောင်းနှင့် မြေပြင်အခြေအနေတွင် ထိုထက်ပိုမို လျော့ကျနိုင်သည်ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

“ဒီကိန်းဂဏန်းတွေ မှန်လားဆိုတော့ လိမ်ညာနေတယ်ဆိုတာ မြေပြင်မှာ ဆင်းကြည့်ရင် သိနိုင်ပါတယ်။ နယ်စပ်ကကော၊ ပင်လယ်ရေကြောင်းကကော ပို့ကုန်တွေအကုန်လုံးရပ်နေတာပါ”ဟု ၎င်းက ​ပြောသည်။

စစ်ကောင်စီက ထုတ်ပြန်သော ၎င်းတို့အာဏာသိမ်းထားသည့် ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မူကိန်းဂဏန်းများတွင် အရပ်သားအစိုးရလက်ထက် လေးလတာအတွင်း ၂၀၂၀ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ဇန်နဝါရီအထိ ကုန်သွယ်မူ ပမာဏသည် ဒေါ်လာ ၁၀ ဘီလီယံကျော်ပါဝင်သေးသည်။ ထိုထဲတွင် ပို့ကုန်က ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံနှင့်သွင်းကုန် ၅ ဒသမ ၄ဘီလီယံရှိခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ဆက်စပ်နိုင်ငံရေး အခြေအနေ တွေကြောင့်မြန်မာနိုင်ငံကအမျိုးသမီးငယ် တွေဟာ မိသားစု တာဝန်ကို တထောင့်တနေရာက ဝင်ထမ်းလာရပါတယ်။

သတင်း

ပြည်တွင်း​နေထိုင်သူ ၈၀၀​ကျော်​မေးထားတဲ့စ​စ်တမ်းရဲ့အစိုးရိမ်ရဆုံးတွေ့ရှိချက်မှာဖြေဆိုသူအားလုံးနီးပါးမျှော်လင့်ချက်ပျောက်ဆုံးဟုခံစား​နေကြရ

အတွေးအမြင်

ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။

သတင်း

ဇူလိုင်-၂၄၊၂၀၂၆။People’s Spring ဒီ​နေ့ဟာ စစ်တပ်အာဏာသိမ်းတာ ရက်​ပေါင်း ၂၀၀၀ တိတိပြည့်တဲ့​နေ့ပါ။ ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၂၀ မှာ ကမ္ဘာ့ကပ်​ရောဂါ ကိုဗစ်ရင်ဆိုင်ခဲ့ရ​ပေမယ့် ​အရပ်သားအစိုးရဦး​ဆောင်မှုနဲ့ ကပ်​​ရောဂါကိုအ​ကောင်းဆုံးရင်ဆိုင်ပြီး ကိုဗစ်အလွန်ကာလမှာ ပြန်လည်ထူ​ထောင်​ရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး​ရေး​တွေကို အရှိန်အဟုန်းနဲ့ လုပ်ဖို့ ပြင်ဆင်ထားချိန်မှာပဲ မင်း​အောင်လှိုင် ဦး​ဆောင်တဲ့စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းတာက...

Facebook