Connect with us

Hi, what are you looking for?

News

အသတ်ခံရ​​သောအုပ်ကြီးရွာလာ​သော​စစ်​ကောင်စီတပ်ကားအပြန်တွင် မိုင်းခွဲတိုက်ခိုက်ခံရ

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များသည် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ဒေသခံလူငယ်တစ်ဦးကိုလည်း ပစ်ခတ်ဖမ်းဆီးသွားကြောင်း ဒေသခံများက ​ပြောသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် အသတ်ခံခဲ့ရသည့် အုပ်ချုပ်ရေးမှုး၏ ရွာမှပြန်လာသည့် စစ်ကောင်စီတပ်ကားများ မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

ဝက်လက်မြို့နယ်၊ ရုံးပင်ကုန်းကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးသည် ယမန်နေ့ည အောက်တိုဘာလ ၂ ရက် ည ၁၁ နာရီဝန်းကျင်က သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ဝက်လက်အခြေစိုက် ဖောင်းဒိုင်းဖောင်းဒိုင်းဖောင်းဒိုင်းအဖွဲ့နှင့် ဝက်လက်လျှပ်စီးအဖွဲ့တို့ ပူးပေါင်းရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့များက သတင်းထုတ်ပြန်ခဲ့သည်။

ယနေ့နံနက်တွင်မူ စစ်ကောင်စီတပ်ကားများသည် ရုံးပင်ကုန်းကျေးရွာမှပြန်အထွက်လမ်းတွင် မိုင်းမိခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေမသိရသေးကြောင်း ဝက်လက်ဒေသခံများက ပြောသည်။

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များသည် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ဒေသခံလူငယ်တစ်ဦးကိုလည်း ပစ်ခတ်ဖမ်းဆီးသွားကြောင်း ဒေသခံများက ​ပြောသည်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ်အတွင်းရှိ ပြည်သူများ ယနေ့​ပြင်ပသို့ အတက်နိူင်ဆုံး မထွက်ကြရန် ဝက်လက်ဗကသအဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။

သတင်း

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။