Connect with us

Hi, what are you looking for?

News

ကျိုက်ထိုမြို့မှ စစ်​ကောင်စီလက်​အောက်ခံရဲတစ်ဦးကို KRF သုတ်သင်

ပစ်သတ်ခံရသော ရဲတပ်ကြပ်ကျော်စိုးမိုးသည်တော်လှန်ရေး အင်အားစုများနှင့် တော်လှန်ရေးရဲဘော်များအား များစွာအနှောင့်အယှက်ပေးသူအဖြစ် သတ် မှတ်ခံထားရသူ ဖြစ်သဖြင့် KRFမှ စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ပြီး သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့ ဖက္ကလိပ် ရပ်ကွက်ရှိ ဖက္ကလိပ်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် အာဏာသိမ်းစစ်​ကောင်စီ၏ ရဲတပ်ကြပ်ကျော်စိုးမိုး ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း Kyaikhto Revolution Force (KRF)က ယနေ့ထုတ်ပြန်သည်။

ပစ်သတ်ခံရသော ရဲတပ်ကြပ်ကျော်စိုးမိုးသည်တော်လှန်ရေး အင်အားစုများနှင့် တော်လှန်ရေးရဲဘော်များအား များစွာအနှောင့်အယှက်ပေးသူအဖြစ် သတ် မှတ်ခံထားရသူ ဖြစ်သဖြင့် KRFမှ စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ပြီး သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုဖြစ်စဥ်မတိုင်မီက ကျိုက်ထိုမြို့နယ် လက် ပံပင်ရွာမှ ရာအိမ်မှူးချစ်သန်းကို KRFက သုတ်သင်ခဲ့ပြီး အာဏာ သိမ်းစစ်တပ်ပိုင် စက်ရုံအချို့ကိုလည်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည်။

စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကာ အကြမ်းဖက်စစ်​ကောင်စီလက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် စစ်​ကောင်စီဒေါက်တိုင်များကို ချေမှုန်းသွားမည်ဟုလည်း ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။