Connect with us

Hi, what are you looking for?

News

ပို့ကုန်လုပ်ငန်းများကို ပို့ကုန်ရငွေရက် ၃၀သာလက်ဝယ်ထားရှိရန် စစ်ကောင်စီ၏ ဗဟိုဘဏ်ကန့်သတ်

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေ (Export Earning)များကို ရက်ပေါင်း ၃၀သာ လက်ဝယ်ထားရရှိရမည်ဖြစ်ပြီး ရက်၃၀ ကျော်လွန်ပါက ပြည်တွင်းဘဏ်များကို မဖြစ်မနေရောင်းချရမည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ဗဟိုဘဏ်က အောက်တိုဘာ ၃ရက်တွင် ကန့်သတ်လိုက်သည်။

●အရပ်သားအစိုးရလက်ထက်တွင် ပိုကုန်ရငွေကိုကန့်သတ်မှုလုံးလုံးမပြုလုပ်ခဲ့ဘဲ လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုခဲ့ရာမှ အာဏာသိမ်းစစ်ကောင်စီက စက်တင်ဘာ လဆန်းတွင်လေးလဟု စတင်ကန့်သတ်ပြီး ယခုအခါ တစ်လဟုထပ်မံကန့်သတ်လိုက်ခြင်းဖြစ်သည်။

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေ (Export Earning)များကို ရက်ပေါင်း ၃၀သာ လက်ဝယ်ထားရရှိရမည်ဖြစ်ပြီး ရက်၃၀ ကျော်လွန်ပါက ပြည်တွင်းဘဏ်များကို မဖြစ်မနေရောင်းချရမည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ဗဟိုဘဏ်က အောက်တိုဘာ ၃ရက်တွင် ကန့်သတ်လိုက်သည်။

ပို့ကုန်ရငွေများကို လေးလအတွင်းမဖြစ် မနေရောင်းရချရမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ကန့်သတ်ပြီးနောက် တစ်လအကြာတွင် ရက် ၃၀အတွင်းမဖြစ်မနေရောင်းရမည်ဟုဘဗဟိုဘဏ်ဥက္ကဌ ဦးသန်းငြိမ်း ကလက်မှတ်ရေးထိုး၍ ထိန်းချုပ်ကန့်သတ်လိုက်ခြင်းဖြစ်သည်။ အရပ်သားအစိုးရလက်ထက်တွင် ပို့ကုန်ရငွေဒေါ်လာများအပေါ် ထိုသို့ကန့်သတ်မှု လုံးဝမရှိဘဲ လွန်လပ်စွာရောင်းဝယ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ကန့်သတ်ချက်အသစ်တွင် ပို့ကုန်လုပ်ငန်းရှင်များသည် နိုင်ငံခြားပို့ကုန်ရငွေများကို ဘဏ်စာရင်းအတွင်းရောက်ရှိသည့်နေ့မှ ရက်ပေါင်း ၃၀အတွင်း ကိုယ်တိုင်သုံးစွဲခြင်းနှင့် အခြားပုဂ္ဂိုလ်များကို ရောင်းချခြင်းတို့ကို ဆောင်ရွက်ရမည်။ ရက်ပေါင်း ၃၀ ကျော်ပါကနိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားခွင့်လုပ်ငန်း (AD)လိုင်စင်ရ ပြည်တွင်းဘဏ်များသို့ မဖြစ်မနေရောင်းချရမည်ဟု ကန့်သတ်လိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က စက်တင်ဘာ ၃ ရက်တွင် ပို့ကုန်ရငွေများကို လေးလအတွင်း မဖြစ်မနေရောင်းချရမည်ဟု ကြော်ငြာစာထုတ်ပြန်ခဲ့ပြီး တလအကြာတွင် ယခုလို ရက် ၃၀ ဟု ထပ်မံပြင်ဆင်လိုက်ခြင်းဖြစ်သည်။

“ပို့ကုန်ရငွေတွေကို ဘဏ်ထဲမှာ ရက် ၃၀ပဲထားရမယ်။ ရက် ၃၀အတွင်း ပေးစရာရှိတာပေး။ ရောင်းစရာရှိတာရောင်းပေါ့။ ရက် ၃၀ ကျော်ရင် ဘဏ်တွေကို မဖြစ်မနေရောင်းရလိမ့်မယ်လို့ အတင်းကျပ်ကန့်သတ်လိုက်တာပဲ”ဟု ရန်ကုန်မြို့အခြေစိုက်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ကန့်သတ်မိန့်ထုတ်ပြန်သော အောက်တိုဘာ ၄ ရက်တွင်ပို့ကုန်ရငွေ ဈေးမဖွင့်ပေ။ အမေရိကန်တစ်ဒေါ်လာကို ပြင်ပပေါက်ဈေးတွင် ကျပ် ၂,၅၀၀ ရှိနေချိန်တွင် ဘဏ်များက တစ်ဒေါ်လာကို ၁,၉၈၀ကျပ်သာဈေးဖွင့်ထားသည်။ပုံမှန်အားဖြင့်ငွေကြေးဈေးကွက်တွင် ပို့ကုန်ရငွေဒေါ်လာသည် ရိုးရိုးဒေါ်လာထက်ဈေးပိုကောင်းလေ့ရှိသည်။

နိုင်ငံအတွင်း ဒေါ်လာလို့အပ်ချက်များနေ၍ ပို့ကုန်လုပ်ငန်းရှင်များ ဒေါ်လာကို မဖြစ်မနေထုတ်ရောင်းရန် စစ်ကောင်စီ ဖိအားပေးလာခြင်းဖြစ်ပြီး ပို့ကုန်လုပ်ငန်းများ ရပ်တည်ရန်အခက်အခဲဖြစ်လာနိုင်သည်ဟု လုပ်ငန်းရှင်များကဆိုသည်။

“အကြံကုန် ဂဠုန်စားချက်ဆိုသလိုဘဲ။ စစ်တပ်က ဒေါ်လာလိုလာလို့ အခုကို ပို့ကုန်သမားကို လည်ပင်းညှစ်တာ။ ဒါက ရေတိုမှာ အဆင်ပြေပေ့မယ့် ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဒေါ်လာလိုအပ်ချက်တစ်ခုတည်းအတွက် ပို့ကုန်သမားများအပေါ် တင်းကြပ်လိုက်ခြင်းပြီး ရက်ပေါင်း ၃၀ အတွင်း ကုန်ကြမ်းဝယ်ရန်နှင့် ငွေပေးချေရန်မှာ လက် တွေ့တွင် အခက်အခဲဖြစ်နိုင်သည်ဟု ၎င်းကသုံးသပ်ပြောကြားသည်။

ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာကို ၂,၈၀၀ ကျပ်အထိ ပြင်ပေဈေးကွက်တွင် စက်တင်ဘာ ၂၈ ရက်က မြင့်တက်ခဲ့ပြီးဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်မြင့်မားလျက်ရှိသည်။ ငွေလဲကောင်တာများတွင်လည်း ဒေါ်လာကို အဝယ်သာရှိပြီး အရောင်းပိတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။

သတင်း

အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေစုစည်းကြဖို့​မျှော်လင့်​ကြောင်း AA တပ်မှူးချုပ်​ပြော