Connect with us

Hi, what are you looking for?

News

ထိုင်းမှာ တရားမဝင် မြန်မာလုပ်သား ၂၀ ဖမ်းဆီးခံရ

အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၈ ဦးပါတဲ့ အဲ့ဒီရွှေ့ပြောင်းအလုပ်သမားတွေဟာ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့အတွက်ဖြစ်ပြီး အခုလို နယ်စပ်ကိုဝင်ရောက်လာတဲ့အချိန်မှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီခံခဲ့ရတာပါ။

မြန်မာ – ထိုင်းနယ် ကန်ချနဘူရီခရိုင် စံခရဘူရီမြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းစစ်တပ်မီဒီယာက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မြန်မာ ထိုင်းနယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံ စခံရဘူရီမြို့နယ်ထဲကိုတရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၀ ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၈ ဦးပါတဲ့ အဲ့ဒီရွှေ့ပြောင်းအလုပ်သမားတွေဟာ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့အတွက်ဖြစ်ပြီး အခုလို နယ်စပ်ကိုဝင်ရောက်လာတဲ့အချိန်မှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီခံခဲ့ရတာပါ။

အဲ့ဒီ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကိုတော့ စခံရဘူရီမြို့နယ်ရဲစခန်းကို ပို့ဆောင်ခဲ့ပြီး ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးရာမှာ ရောဂါမတွေ့ရှိဘူးလို့ နယ်မြေခံထိုင်းစစ်တပ် မီဒီယာ (Army PR Center) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။