Connect with us

Hi, what are you looking for?

News

မူဆယ်တိုက်ပွဲ စစ်ကောင်စီမှ ရဲအရာရှိတစ်ဦးသေ

အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်ခဲ့သည့်အဖွဲ့မှာတအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း People’s Spring က အတည်ပြုမရပေ။

မူဆယ်တွင် ယမန်နေ့ညက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စစ်ကောင်စီနှင့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီမှ ရဲအရာရှိတစ်ဦး သေဆုံးခဲ့သည်။

တရုတ်နိုင်ငံနှင့် နယ်စပ်မူဆယ်မြို့နယ် ကျင်ဆန်ကျော့ဂိတ်အနီးတွင် ယမန့်နေ့( အောက်တိုဘာ ၃)ည ၇ နာရီခန့်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဒုရဲအုပ်စိုးလင်း သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

“သေတာက မြို့နယ်ရဲတပ်ဖွဲ့ရုံးက ဒုရဲအုပ်စိုးလင်း။ စစ်ကောင်စီဘက်ကကောင်တွေ အထိနာချက်က သေတဲ့ရဲအလောင်းတောင် မနက်ကြမှကောက်နိုင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်ခဲ့သည့်အဖွဲ့မှာတအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း People’s Spring က အတည်ပြုမရပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။