Connect with us

Hi, what are you looking for?

LuduNwayOo

News

မူဆယ်တိုက်ပွဲ စစ်ကောင်စီမှ ရဲအရာရှိတစ်ဦးသေ

အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်ခဲ့သည့်အဖွဲ့မှာတအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း People’s Spring က အတည်ပြုမရပေ။

မူဆယ်တွင် ယမန်နေ့ညက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စစ်ကောင်စီနှင့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီမှ ရဲအရာရှိတစ်ဦး သေဆုံးခဲ့သည်။

တရုတ်နိုင်ငံနှင့် နယ်စပ်မူဆယ်မြို့နယ် ကျင်ဆန်ကျော့ဂိတ်အနီးတွင် ယမန့်နေ့( အောက်တိုဘာ ၃)ည ၇ နာရီခန့်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဒုရဲအုပ်စိုးလင်း သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

“သေတာက မြို့နယ်ရဲတပ်ဖွဲ့ရုံးက ဒုရဲအုပ်စိုးလင်း။ စစ်ကောင်စီဘက်ကကောင်တွေ အထိနာချက်က သေတဲ့ရဲအလောင်းတောင် မနက်ကြမှကောက်နိုင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်ခဲ့သည့်အဖွဲ့မှာတအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း People’s Spring က အတည်ပြုမရပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။