Connect with us

Hi, what are you looking for?

News

ထီးချိုင့်မြို့နယ်မှ အုပ်ကြီးအများစု နှုတ်ထွက်၊ ရဲ ၂၀ ဦးလည်း ပြည်သူနှင့်ပူးပေါင်း

CDM ပြုလုပ်လိုသောရဲဝန်ထမ်းများအနေဖြင့် ၎င်းတို့နှင့်လာရောက်ပူးပေါင်းနိုင်ကြောင်းလည်း ထီးချိုင့် – ပြည်သူ့ကာကွယ်ရေးက ဖိတ်ခေါ်ထားသည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးအများစုနုတ်ထွက်ထားပြီဖြစ်ပြီး CDM ပြုလုပ်၍ပြည်သးနှင့်ပူးပေါင်းလာသောရဲ ၂၀ဦးကိုလည်း လက်ခံထားကြောင်းထီးချိုင့် – ပြည်သူ့ကာကွယ်ရေးက ယနေ့ (အောက်တိုဘာ ၄ ရက်)တွင် ထုတ်ပြန်သည်။

CDM ပြုလုပ်လိုသောရဲဝန်ထမ်းများအနေဖြင့် ၎င်းတို့နှင့်လာရောက်ပူးပေါင်းနိုင်ကြောင်းလည်း ထီးချိုင့် – ပြည်သူ့ကာကွယ်ရေးက ဖိတ်ခေါ်ထားသည်။

လက်ရှိတွင် အလယ်တောကျေးရွာ ရဲစခန်းအား PDF ပျောက်ကြားတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ပြီး တိုက်ပွဲထိတွေ့ဖြစ်ပွားခြင်းမျိုးမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ထို့အပြင် ယနေ့ နံနက် ၄နာရီခန့်တွင်လည်း မြို့ပေါ်ရဲစခန်းအားလက်နက်ကြီးဖြင့်နှစ်ချက်ပစ်ခတ်ကာ စစ်ကောင်စီလက်အောက်မှ ထွက်ရန် သတိပေးခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်မြို့နယ်၌ ကျေးရွာအုပ်စု ၃၃ ခုရှိပြီး နှုတ်ထွက်ခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူးပေါင်း ၁၉ ဦးရှိကြောင်း ထီးချိုင့် – ပြည်သူ့ကာကွယ်ရေး၏စာရင်းများ၌ ဖော်ပြသည်။

PDFများအားကောင်းရာ စစ်ကိုင်းတိုင်းသို့ စစ်ကောင်စီက ထိုးစစ်ဆင်မှုများပြုလုပ်နေပြီး ဒေသခံပြည်သူ့တပ်ဖွဲ့၊ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် KIA က ပူးပေါင်း ခုခံ၍ တိုက်ပွဲ ဆင်နွှဲလျက်ရှိသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။

သတင်း

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးဝေနဲ့ သက်တော်စောင့် စစ်ကောင်စီတပ်သားကို ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ် ခရိုင်အမှတ်(၁)တပ်ရင်းက နိုဝင်ဘာ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

Facebook