Connect with us

Hi, what are you looking for?

News

ဘားအံမှာ ၅၀၅(က) နဲ့ဖမ်းဆီးတရားရင်ဆိုင်​နေရသူ တစ်ရာ​ကျော်ရှိ

ဘားအံမြို့နယ်တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅) နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရဲတဲ့သူ ၁၀၀ ကျော်ဟာ လက်ရှိမှာ တရားရင်ဆိုင်နေရဆဲဖြစ်ပြီး အဲ့ဒီအထဲမှာ အများစုက CDM သမားတွေဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဘားအံမြို့နယ်က တရားရုံးမှာ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ လက်ရှိ တရားရင်ဆိုင်နေရတဲ့သူဦးရေဟာ ၁၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။

ဘားအံမြို့နယ်တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅) နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရဲတဲ့သူ ၁၀၀ ကျော်ဟာ လက်ရှိမှာ တရားရင်ဆိုင်နေရဆဲဖြစ်ပြီး အဲ့ဒီအထဲမှာ အများစုက CDM သမားတွေဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ပုဒ်မ ၅၀၅ နဲ့အမှုရင်ဆိုင်ရေတဲ့သူတွေ ၁၀၀ ကျော်လောက်ရှိတယ်။ CDM သမားတွေ ဆရာမတွေပေါ့။ နောက် ဖုန်းတွေဘာတွေ လိုင်းပေါ်တင်တာတွေ အဲ့ဒါတွေလည်းပါတာပေါ့။ ဆန္ဒပြတဲ့လူတွေလည်းပါတယ်။ အများစုက CDM သမားတွေပေါ့” လို့ စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ဘားအံမြို့မှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ဆန္ဒပြပွဲကာလတုန်းက ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို အကြမ်းဖက်စစ်အုပ်စုက ဖြိုခွင်းမှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ဆန္ဒဖော်ထုတ်သူအများအပြားကို စစ်ကောင်စီက ဖမ်းဆီးပြီး ဖမ်းမိထားသူ ၁၀၀ ဝန်းကျင်ခန့်ကို ပုဒ်မ (၅၀၅) တတ် တရားစွဲဆိုကာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့လိုက်တာပါ။

Public Service Announcement

Public Service Announcement

ဒီလို ပုဒ်မ (၅၀၅) နဲ့ တရားစွဲဆိုတာတွေရှိတဲ့အပြင် ဗုံးပေါက်ကွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဖမ်းမိထားသူတွေကို အကြမ်းဖက်ဥပဒေပုဒ်မနဲ့ တရားစွဲဆိုတာတွေလည်းရှိနေတယ်လို့ ကြားသိရပါတယ်။

ဒါ့အပြင် ဘားအံမြို့ အမှတ် ၆ မှာရှိတဲ့ နေအိမ်တစ်အိမ်ကိုလည်း အကြမ်းဖက်ဥပဒေအရ နိုင်ငံတော်ပိုင်ပစ္စည်း ချိတ်ပိတ်ဆောင်ရွက်ထားရှိခဲ့သေးတယ်လို့ မြို့ခံတစ်ဦးထံကနေ သိရပါတယ်။

ဘားအံမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညစဉ်ညတိုင်းလိုလို လိုက်လံရှာဖွေဖမ်းဆီးတာတွေ လုပ်ဆောင်နေခဲ့ပြီး အခုရက်ပိုင်းတွေအတွင်း CDM ပြုလုပ်ထားတဲ့ ပြည်နယ်ထွေအုပ်ရုံးက ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးနေကာ ငွေကြေးတောင်းခံမှုတွေ ရှိနေတယ်လို့ CDM ထွေအုပ်ဝန်ထမ်းတစ်ဦးထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook