Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘားအံမှာ ၅၀၅(က) နဲ့ဖမ်းဆီးတရားရင်ဆိုင်​နေရသူ တစ်ရာ​ကျော်ရှိ

ဘားအံမြို့နယ်တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅) နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရဲတဲ့သူ ၁၀၀ ကျော်ဟာ လက်ရှိမှာ တရားရင်ဆိုင်နေရဆဲဖြစ်ပြီး အဲ့ဒီအထဲမှာ အများစုက CDM သမားတွေဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဘားအံမြို့နယ်က တရားရုံးမှာ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ လက်ရှိ တရားရင်ဆိုင်နေရတဲ့သူဦးရေဟာ ၁၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။

ဘားအံမြို့နယ်တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅) နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရဲတဲ့သူ ၁၀၀ ကျော်ဟာ လက်ရှိမှာ တရားရင်ဆိုင်နေရဆဲဖြစ်ပြီး အဲ့ဒီအထဲမှာ အများစုက CDM သမားတွေဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ပုဒ်မ ၅၀၅ နဲ့အမှုရင်ဆိုင်ရေတဲ့သူတွေ ၁၀၀ ကျော်လောက်ရှိတယ်။ CDM သမားတွေ ဆရာမတွေပေါ့။ နောက် ဖုန်းတွေဘာတွေ လိုင်းပေါ်တင်တာတွေ အဲ့ဒါတွေလည်းပါတာပေါ့။ ဆန္ဒပြတဲ့လူတွေလည်းပါတယ်။ အများစုက CDM သမားတွေပေါ့” လို့ စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ဘားအံမြို့မှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ဆန္ဒပြပွဲကာလတုန်းက ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို အကြမ်းဖက်စစ်အုပ်စုက ဖြိုခွင်းမှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ဆန္ဒဖော်ထုတ်သူအများအပြားကို စစ်ကောင်စီက ဖမ်းဆီးပြီး ဖမ်းမိထားသူ ၁၀၀ ဝန်းကျင်ခန့်ကို ပုဒ်မ (၅၀၅) တတ် တရားစွဲဆိုကာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့လိုက်တာပါ။

Public Service Announcement

Public Service Announcement

ဒီလို ပုဒ်မ (၅၀၅) နဲ့ တရားစွဲဆိုတာတွေရှိတဲ့အပြင် ဗုံးပေါက်ကွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဖမ်းမိထားသူတွေကို အကြမ်းဖက်ဥပဒေပုဒ်မနဲ့ တရားစွဲဆိုတာတွေလည်းရှိနေတယ်လို့ ကြားသိရပါတယ်။

ဒါ့အပြင် ဘားအံမြို့ အမှတ် ၆ မှာရှိတဲ့ နေအိမ်တစ်အိမ်ကိုလည်း အကြမ်းဖက်ဥပဒေအရ နိုင်ငံတော်ပိုင်ပစ္စည်း ချိတ်ပိတ်ဆောင်ရွက်ထားရှိခဲ့သေးတယ်လို့ မြို့ခံတစ်ဦးထံကနေ သိရပါတယ်။

ဘားအံမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညစဉ်ညတိုင်းလိုလို လိုက်လံရှာဖွေဖမ်းဆီးတာတွေ လုပ်ဆောင်နေခဲ့ပြီး အခုရက်ပိုင်းတွေအတွင်း CDM ပြုလုပ်ထားတဲ့ ပြည်နယ်ထွေအုပ်ရုံးက ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးနေကာ ငွေကြေးတောင်းခံမှုတွေ ရှိနေတယ်လို့ CDM ထွေအုပ်ဝန်ထမ်းတစ်ဦးထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။

သတင်း

မိတ္ထီလာမြို့တွင် လောက်ကိုင်မြို့မှ ပြန်လာသည့် စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိနေပြီး အချို့မှာ ဆိုင်ကယ်ဖြင့်ပြန်လာချိန် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေးအဖွဲ့​၏ ငွေတောင်းခံရမှုကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

လက်ရှိအခြေအနေတွင် လက်ပံတန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ပြည်သူများကို မတရားရိုက်နှက်ဖမ်းဆီးမှုများ ဆက်တိုက်ကျူးလွန်နေရာ ဒေသခံများစိုရိမ်ထိတ်လန့်လျှက်ရှိသည်။