Connect with us

Hi, what are you looking for?

News

ထိုင်းမှာ တရားမဝင်မြန်မာလုပ်သား ၄၉ ဦးဖမ်းမိ

ထိုင်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေထဲမှာ အမျိုးသားက (၂၆) ဦးနဲ့ အမျိုးသမီးက (၂၃) ဦးပါဝင်တယ်လို့ သိရပါတယ်။

မြန်မာ ထိုင်းနယ်စပ် ကန်ချနာဘူရီခရိုင်ထဲမှာ တရားမဝင်ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ထပ်ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အောက်တိုဘာ ၄ ရက် မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ကန်ချနာရီဘူရီခရိုင် စံခရဘူရီမြို့နယ် နောင်လူရွာနဲ့ မူအန်မြို့နယ် ဘန်ကယော့်ရွာရဲ့ တောတွင်းနေရာတွေမှာ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၄၉ ဦးကို ထိုင်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။

ထိုင်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေထဲမှာ အမျိုးသားက (၂၆) ဦးနဲ့ အမျိုးသမီးက (၂၃) ဦးပါဝင်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ထိုင်းလုံခြုံရေးအဖွဲ့က အပူချိန်တိုင်းတာမှုတွေလုပ်ဆောင်နေပြီး သက်ဆိုင်ရာရဲစခန်းကို လွဲပြောင်းပေးအပ်လိုက်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရွှေ့ပြောင်းအလုပ်သမားတွေကို မေးမြန်းချက်အရ သူတို့တွေဟာ ဘန်ကောက်နဲ့ ဆမူဆာခွန်ခရိုင်ထဲကို သွားရောက်အလုပ်လုပ်မှာဖြစ်ပြီး မော်လမြိုင်၊ ဘားအံ၊ ထားဝယ်၊ ပဲခူးကနေ လာရောက်တာဖြစ်တယ်လို့ ထိုင်းစစ်တပ်က ဆိုထားပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ကလည်း မြန်မာနိုင်ငံ ဘုရားသုံဆူမြို့အနီးက ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် စံခရဘူရီထဲမှာ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား အယောက် (၂၀) ကို ထိုင်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိခဲ့သေးတာပါ။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုအကြပ်အတည်းနဲ့ အထွေထွေကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတာနဲ့အတူ ထိုင်းနိုင်ငံမှာ အလုပ်သမားကတ် (ပန်းရောင်ကတ်)ကိုလည်း ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပြုလုပ်ဖို့ရှိနေတာကြောင့် ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက များပြားလာနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

Facebook