Connect with us

Hi, what are you looking for?

LuduNwayOo

News

လှိုင်မြို့နယ် (၉)ရပ်ကွက်အုပ်ကြီးရုံး ဗုံးနှစ်ကြိမ်ကွဲ၊ လူနှစ်ဦး ဒဏ်ရာရ

၂နာရီ ၅၀ လောက်က ပေါက်သွားတာ။ ၁၅ မိနစ် လောက်ပဲခြားတယ်။ ဒုတိယအကြိမ် ထပ်ပေါက်တယ်”ဟု လှိုင်မြို့နယ်နေပြည်သူတစ်ဦးက ပြောသည်။

People's Spring
People's Spring

ဧည့်စာရင်းကိုတင်းတင်းကြပ်ကြပ် ဖိအားပေးလုပ် ဆောင်နေသည့် လှိုင်မြို့နယ် (၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မက္ခရာတော်လှန်ရေးအင်အားစုက အဝေးထိန်းဗုံးဖြင့် နှစ်ကြိမ်ဖောက်ခွဲခဲ့သည်။

ယနေ့(အောက်တိုဘာ ၈ ရက်)နေ့လည် ၃ နာရီအချိန်ခန့်တွင် ဖောက်ခွဲမှု နှစ်ကြိမ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်ဖောက်ခွဲမှုကြောင့် နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

“၂နာရီ ၅၀ လောက်က ပေါက်သွားတာ။ ၁၅ မိနစ် လောက်ပဲခြားတယ်။ ဒုတိယအကြိမ် ထပ်ပေါက်တယ်”ဟု လှိုင်မြို့နယ်နေပြည်သူတစ်ဦးက ပြောသည်။

အဆိုပါဖောက်ခွဲမှုမပြုလုပ်မီ ၁နာရီခန့်ကတည်းက ပြည်သူများအားထိခိုက်မှုမရှိစေရန် မက္ခရာတော်လှန်ရေးအင်အားစုက ဖောက်ခွဲမှူပြုလုပ်မည့်အကြောင်းကို အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိသူနှစ်ဦးအနက်တစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး လူနာတင်ကားများဖြင့်ခေါ်ဆောင်သွားသည်ဟု လှိုင်မြို့နယ်၏ Hlaing Information ကသတင်းထုတ်ပြန်ထားသည်။

ဒဏ်ရာရသူနှစ်ဦးမှာ ရုံးမှလူလား၊စစ်ကောင်စီတပ်ဖွဲ့ဝင်လား ၊ပြည်သူလား ဆိုသသည်ကိုမူ People’s Spring က အတည်မပြုနိုင်သေးပေ။

ပေါက်ကွဲမှုဖြစ်ပြီးချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းများပိတ်၍ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

မက္ခရာတော်လှန်ရေးအင်အားစုက စစ်ကောင်စီလက်အောက်၌ လုပ်နေသည့် လှိုင်မြို့ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို နှုတ်ထွက်ကြရန်နောက်ဆုံးအကြိမ် သတိပေးကြောင်း ၎င်းတို့၏ လူမှုကွန်ရက်တွင် ယနေ့ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

ယင်းစစ်ဆင်ရေးကို နောင်ရိုးအထူးပြောက်ကျားတပ် -NYSGF နှင့် Fight Stars . Special task Force . myingyan 8 Stars. Myingyan MP-9 အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ပစ်ခတ်မှုကို Golden Eagle Force-Monywa နှင့် Ka Naung Min Tar Gyi(Monywa)၊ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက သာကေတမြို့နယ် ယမုံနာလမ်းမကြီး၊ ရှုခင်းသာမြို့ပတ်လမ်းနှင့် ဗန္ဓုလတံတားတို့တွင် အိမ်စီးကားများနှင့် အဌားယာဥ် (Taxi) များကို စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။