Connect with us

Hi, what are you looking for?

News

လှိုင်မြို့နယ် (၉)ရပ်ကွက်အုပ်ကြီးရုံး ဗုံးနှစ်ကြိမ်ကွဲ၊ လူနှစ်ဦး ဒဏ်ရာရ

၂နာရီ ၅၀ လောက်က ပေါက်သွားတာ။ ၁၅ မိနစ် လောက်ပဲခြားတယ်။ ဒုတိယအကြိမ် ထပ်ပေါက်တယ်”ဟု လှိုင်မြို့နယ်နေပြည်သူတစ်ဦးက ပြောသည်။

People's Spring
People's Spring

ဧည့်စာရင်းကိုတင်းတင်းကြပ်ကြပ် ဖိအားပေးလုပ် ဆောင်နေသည့် လှိုင်မြို့နယ် (၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မက္ခရာတော်လှန်ရေးအင်အားစုက အဝေးထိန်းဗုံးဖြင့် နှစ်ကြိမ်ဖောက်ခွဲခဲ့သည်။

ယနေ့(အောက်တိုဘာ ၈ ရက်)နေ့လည် ၃ နာရီအချိန်ခန့်တွင် ဖောက်ခွဲမှု နှစ်ကြိမ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်ဖောက်ခွဲမှုကြောင့် နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

“၂နာရီ ၅၀ လောက်က ပေါက်သွားတာ။ ၁၅ မိနစ် လောက်ပဲခြားတယ်။ ဒုတိယအကြိမ် ထပ်ပေါက်တယ်”ဟု လှိုင်မြို့နယ်နေပြည်သူတစ်ဦးက ပြောသည်။

အဆိုပါဖောက်ခွဲမှုမပြုလုပ်မီ ၁နာရီခန့်ကတည်းက ပြည်သူများအားထိခိုက်မှုမရှိစေရန် မက္ခရာတော်လှန်ရေးအင်အားစုက ဖောက်ခွဲမှူပြုလုပ်မည့်အကြောင်းကို အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိသူနှစ်ဦးအနက်တစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး လူနာတင်ကားများဖြင့်ခေါ်ဆောင်သွားသည်ဟု လှိုင်မြို့နယ်၏ Hlaing Information ကသတင်းထုတ်ပြန်ထားသည်။

ဒဏ်ရာရသူနှစ်ဦးမှာ ရုံးမှလူလား၊စစ်ကောင်စီတပ်ဖွဲ့ဝင်လား ၊ပြည်သူလား ဆိုသသည်ကိုမူ People’s Spring က အတည်မပြုနိုင်သေးပေ။

ပေါက်ကွဲမှုဖြစ်ပြီးချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းများပိတ်၍ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

မက္ခရာတော်လှန်ရေးအင်အားစုက စစ်ကောင်စီလက်အောက်၌ လုပ်နေသည့် လှိုင်မြို့ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို နှုတ်ထွက်ကြရန်နောက်ဆုံးအကြိမ် သတိပေးကြောင်း ၎င်းတို့၏ လူမှုကွန်ရက်တွင် ယနေ့ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။

သတင်း

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook