Connect with us

Hi, what are you looking for?

News

ကေအဲန်ယူနယ်မြေထဲ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ထောက်လှမ်းတာတွေလုပ်နေ

ကေအဲန်ယူ ဘားအံခရိုင်ရဲ့ ပိုင်ကျုံမြို့နယ်နဲ့ နဘူးမြို့နယ်ထဲကို ဒီကနေ့ ည ၆ နာရီကျော်အချိန်က အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်လှမ်းရေးဒရုန်းအကြီးစားတစ်စင်း လာရောက်ထောက်လှမ်းခဲ့တာပါ။

People's Spring
People's Spring

ကေအဲန်ယူ ဘားအံခရိုင် တပ်မဟာ ၇ ထိန်းချုပ်နယ်မြေထဲကို ဒီကနေ့ညပိုင်းက အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်လှမ်းရေးဒရုန်းတစ်စင်း လာရောက်ထောက်လှမ်းနေတယ်လို့ နယ်မြေခံ KNLA တပ်ဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကေအဲန်ယူ ဘားအံခရိုင်ရဲ့ ပိုင်ကျုံမြို့နယ်နဲ့ နဘူးမြို့နယ်ထဲကို ဒီကနေ့ ည ၆ နာရီကျော်အချိန်က အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်လှမ်းရေးဒရုန်းအကြီးစားတစ်စင်း လာရောက်ထောက်လှမ်းခဲ့တာပါ။

အဲ့ဒီ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒရုန်းတစ်စင်းဟာ ပိုင်ကျုံမြို့နယ်ကနေတစ်ဆင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (PC) ဌာနချုပ်တည်ရှိရာ ကော့ကရိတ်မြို့နယ်မြောက်ပိုင်း ထို့ကော်ကိုးဘက်ကို ဦးတည်ပျံသွန်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထောက်လှမ်းရေး ဒရုန်းအကြီးစားတွေ ထောက်လှမ်းရေးလေယာဉ်ငယ်တွေ အသုံးပြုလာပြီဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ တွေ့ရှိခဲ့ပါက မှတ်တမ်းတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ သတင်းပေးပို့ဖို့ လိုအပ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စစ်စခန်းတစ်ခုနဲ့ တစ်ခုကို ပန်ကာလေးခုပါတဲ့ ဒရုန်းအသေးနဲ့ ထောက်လှမ်းပြီး စစ်ဆင်ရေးအတွက် လိုအပ်တဲ့နေရာတွေကိုတော့ Spy Drone တွေ လွှတ်တတ်ပါတယ်။ ပြည်သူတွေအနေနဲ့ တွေ့ရှိခဲ့ရင် ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ တွေ့ရှိခဲ့လည်း မှတ်တမ်းတင်ထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ သတင်းပေးဖို့ လိုအပ်ပါတယ်” ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အခုရက်ပိုင်းတွေအတွင်း ကေအဲန်ယူ ဘားအံခရိုင်ထိန်းချုပ်နယ်မြေထဲကို အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်လှမ်းရေးဒရုန်းအကြီးစားတွေ၊ ထောက်လှမ်းရေးလေယာဉ်ငယ်တွေ၊ ထောက်လှမ်းရေးလေယာဉ်ကြီးတွေ မကြာခဏလာရောက်ထောက်လှမ်းမှုတွေ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်