Connect with us

Hi, what are you looking for?

News

ဝက်လက်မြို့နယ်စည်ပင်ရုံး ဗုံးကွဲ

“ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ ရွှေဘိုကတောင် ကြားရတယ်”ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့တွင် ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်ရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၁၁ ရက်နေ့) နံနက် ၁၁ နာရီဝန်းကျင်က ဝက်လက်မြို့ပေါ်ရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေမသိရသေးကြောင်း ဒေသခံများက ​ပြောသည်။

“ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ ရွှေဘိုကတောင် ကြားရတယ်”ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

ဝက်လက်အခြေစိုက်ဖောင်းဒိုင်း၊ ဖောင်းဒိုင်း၊ ဖောင်းဒိုင်း အဖွဲ့၏ လက်ချက်ဟု သိရပြီးနုတ်မထွက်သေးသော စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအား သတိပေးခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကိုဗစ်ဖြစ်နေ၍ စျေးဆိုင်ခန်းများပိတ်ထားရသော်လည်း ဝက်လက်စည်ပင်မှဝန်ထမ်းများသည် နေအိမ်များအထိ အခွန်လိုက်ကောက်ခံနေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါအဖွဲ့က ဝက်လက်မြို့နယ်၊အုပ်ချူပ်ရေးမှူးများနှင့် ရာအိမ်မှူးများ နှုတ်ထွက်ကြရန် သတိပေးပြီး အုပ်ချုပ်ရေးမှုး အချို့ နုတ်ထွက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းu မင်းကုန်းရွာအနီးမှာ ဒီနေ့မတ်လ၂၃ရက်က စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က အနည်းဆုံး၂၀ကျော် သေဆုံးကာ အလောင်းနဲ့ လက်နက်တွေရခဲ့တယ်လို့ ဒေသခံနဲ့ တော်လှန်ရေးတပ် ရဲဘော်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်က ပေါက်ကန်ဘူတာကျေးရွာမှာ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရလို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ဒေသခံ ထောင်ချီထွက် ပြေးနေရသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နဲ့ ကပ်လျက်ရှိနေတဲ့ လိန်ပင်ကျေးရွာကို စစ်ကောင်စီက ဒီနေ့ ဒီဇင်ဘာ ၂၉ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီး၂ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ပါတယ်။