Connect with us

Hi, what are you looking for?

LuduNwayOo

News

ဝက်လက်မြို့နယ်စည်ပင်ရုံး ဗုံးကွဲ

“ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ ရွှေဘိုကတောင် ကြားရတယ်”ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့တွင် ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်ရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၁၁ ရက်နေ့) နံနက် ၁၁ နာရီဝန်းကျင်က ဝက်လက်မြို့ပေါ်ရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေမသိရသေးကြောင်း ဒေသခံများက ​ပြောသည်။

“ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ ရွှေဘိုကတောင် ကြားရတယ်”ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

ဝက်လက်အခြေစိုက်ဖောင်းဒိုင်း၊ ဖောင်းဒိုင်း၊ ဖောင်းဒိုင်း အဖွဲ့၏ လက်ချက်ဟု သိရပြီးနုတ်မထွက်သေးသော စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအား သတိပေးခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကိုဗစ်ဖြစ်နေ၍ စျေးဆိုင်ခန်းများပိတ်ထားရသော်လည်း ဝက်လက်စည်ပင်မှဝန်ထမ်းများသည် နေအိမ်များအထိ အခွန်လိုက်ကောက်ခံနေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါအဖွဲ့က ဝက်လက်မြို့နယ်၊အုပ်ချူပ်ရေးမှူးများနှင့် ရာအိမ်မှူးများ နှုတ်ထွက်ကြရန် သတိပေးပြီး အုပ်ချုပ်ရေးမှုး အချို့ နုတ်ထွက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် ဩဂုတ် ၁၁ရက်နံနက်ကလည်း ဝက်လက်မြို့နယ်၊ တလိုင်းရွာကို လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်မှုများ ရှိခဲ့သည်။

သတင်း

လက်ရှိ ဝက်လက်နယ်တွင် စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်း ထိုးလာသောကြောင့် ပြည်သူများ စစ်ရေးသတိဖြင့် နေထိုင်ကြပါရန် People's Servant Revolution-Wetlet အဖွဲ့က သတိပေးထားသည်။

သတင်း

အဲဒီဓာတ်ပုံမှတ်တမ်းအရ ဖမ်းခံရသူ ၁၆ဦးထဲမှာ အမျိုးသမီး ၃ ဦးပါဝင်တာတွေ့ရပါတယ်။ ရွှေဘိုမြို့ခံအချို့ကိုမေးမြန်းချက်အရ အသက် မပြည့်သေးတဲ့ ယောင်္ကျားလေး ၂ ဦးလည်းပါတယ်လို့ သိရပါတယ်။