Connect with us

Hi, what are you looking for?

News

နမခဒုတိုင်းမှူး၏စာရေး CDM စစ်သား၏ မိသားစုအား စစ်ကောင်စီဖမ်းဆီး

“သူက အစကတည်းက CDM လုပ်ပြီး ထွက်ပြေးသွားတာ။ အခု အဖမ်းခံရတာက သူမိဘ၊ သူညီမနှစ်ယောက်နဲ့ သူ့တူမ တစ်ယောက် အဖမ်းခံရတာ”ဟု ချင်းဒေသခံက ပြောသည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) ဒုတိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၏ စာရေး CDM စစ်သား၏ မိသားစုဝင် ၄ဦးထက်မနည်းကို အာဏာသိမ်းစစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း ဖမ်းဆီးသွားကြောင်း ချင်းဒေသခံတစ်ဦးကပြောသည်။

ဟားခါးအခြေစိုက် ခလရ(၂၆၆) တပ်ရင်း၌ တာဝန်ထမ်းဆောင်ခဲ့သည့် တပ်ကြပ် တင်လျန်ဗျက်(Tin Lian Biak) သည် မေလ ဝန်းကျင်ကတည်းက အာဏာဖီဆန်ရေးလှုပ်ရှား မှု(CDM) ပြုလုပ်ခဲ့သူဖြစ်သည်။

“သူက အစကတည်းက CDM လုပ်ပြီး ထွက်ပြေးသွားတာ။ အခု အဖမ်းခံရတာက သူမိဘ၊ သူညီမနှစ်ယောက်နဲ့ သူ့တူမ တစ်ယောက် အဖမ်းခံရတာ”ဟု ချင်းဒေသခံက ပြောသည်။

အဆိုပါ CDM စစ်သား၏ မိသားစုကို ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယခုကဲ့သို့ မိသားစုကို ဖမ်းဆီးခြင်းသည်မလုပ်သင့်သည့် လုပ်ရပ်ဖြစ်သည်ဟု ဒေသခံက ပြောသည်။

“တကယ့်ကို ဓားပြ၊ သူပုန်ပုံစံဖြစ်သွားပြီ”ဟု စစ်ကောင်စီတပ်၏ လုပ်ဆောင်ချက်အပေါ် ချင်းဒေသခံက မှတ်ချက်ပြုသည်။

စစ်ကောင်စီတပ်သည် နိုင်ငံတစ်ဝန်း၌လည်း ၎င်းတို့ အလိုရှိသူများကို ဖမ်းဆီးမရပါကမိသားစုဝင်များကို ဖမ်းဆီးခြင်း၊ ပုဒ်မအမျိုးမျိုးတပ်၍အမှုဖွင့်ခြင်းများ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။