Connect with us

Hi, what are you looking for?

News

ဒေါ်လာ​ဈေးကျ​စေရန် စစ်​ကောင်စီဗဟိုဘဏ်က တရုတ်ယွမ်နှင့် ဂျပန်ယန်း​ငွေကို ဘဏ်နှင့်​​ငွေလဲ​ကောင်တာများ​ရောင်းဝယ်ခွင့်ပြု

“ဒေါ်လာလိုအပ်ချက်များနေတာကို ​လျှော့ချင်လို့လုပ်တယ်ထင်တယ်။ တရုတ်ယွမ်ငွေက တရားဝင်မဟုတ်လဲ မှောင်ခိုဈေးကွက်မှာက ရနေတာပဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က​ဒေါ်လာ​ဈေးကျ​စေရန် တရုတ်ယွမ်ငွေနှင့် ဂျပန်ယန်းငွေများကို ဘဏ်နှင့် ငွေလဲ ကောင်တာများတွင် တရားဝင်ရောင်းဝယ်ခွင့်ပြုကြောင်း အောက်တိုဘာ ၁၂ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

နိုင်ငံအတွင်း အမေရိကန်ဒေါ်လာလိုအပ်ချက်ကို မြင့်မားလာမူကိုလျှော့ချရန်အတွက် ယခုလို ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု ငွေကြေးလဲလှယ်ရေးလုပ်ကိုင်နေသူများကဆိုသည်။
ဦးသိန်းစိန်အစိုးရလက်ထက်ကစပြီး နိုင်ငံအတွင်း၌ အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ မ‌လေးရှား ရင်းဂစ်နှင့် ထိုင်းဘတ်ငွေများသာ တရားဝင်ရောင်းချခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။

“ဒေါ်လာလိုအပ်ချက်များနေတာကို ​လျှော့ချင်လို့လုပ်တယ်ထင်တယ်။ တရုတ်ယွမ်ငွေက တရားဝင်မဟုတ်လဲ မှောင်ခိုဈေးကွက်မှာက ရနေတာပဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မှောင်ခိုဈေးကွက်တွင် အောက်တိုဘာ ၁၂ရက်၌ တရုတ်ငွေ ၁ ယွမ်လျှင် ကျပ် ၃၀၀ အထက်နှင့် ဂျပန်ငွေ ၁ ယန်းလျှင် မြန်မာကျပ်ငွေ ၁၇ကျပ်ကျော်ရှိနေသည်။ စစ်တပ်အာဏာမသိမ်းခင်က ဇန်နဝါရီတတိယပတ်တွင် ၁ ယွမ်လျှင် ၂၀၀ကျပ်ဝန်းကျင်နှင့် ဂျပန်ငွေ တစ်ယမ်းလျှင် ၁၂ ကျပ်သာရှိခဲ့သည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ တတိယပတ်ကစပြီး အမေရိကန် တစ်ဒေါ်လာကို ကျပ် ၂၈၀၀ အထိ စံချိန်တင်မြင့် တက်လာပြီးနောက် အကြမ်း ဖက်စစ်ကောင်စီက နိုင်ငံအတွင်းရှိ ဒေါ်လာအရောင်းအဝယ်များကို စတင်တင်းကြပ်ခဲ့သည်။ ပို့ကုန်ုလုပ်ငန်းရှင်များက ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို ရက်ပေါင်း ၃၀အတွင်း အတင်းအဓမ္မရောင်းချစေခြင်း၊ ပို့ကုန်ရငွေများပြည်တွင်းသို့မယူဆောင်လာသည့် လုပ်ငန်းရှင်များကို တရားစွဲခြင်း၊ ငွေလဲကောင်များတွင် ဒေါ်လာဈေးကို အတင်းကြပ် လျော့ဈေးဖြင့် သတ်မှတ်စေပြီး ငွေလဲကောင်တာများတွင် ဒေါ်လာအရောင်းများကို ပိတ်ထားခြင်း၊ပြည်သူများ၏ ​နိုင်ငံခြား​ငွေကိုင်​ဆောင်ခြင်းကိုကန့်သတ်ခြင်းစသဖြင့် ပြုလုပ်ခဲ့သည်။

ထိုအပြင် ငွေလဲလုပ်ငန်းဆောင်ရွက်သူများကို ဖမ်းဆီးခြင်းနှင့် ဒေါ်လာနှင့်ပတ်သတ်ပြီး စစ်ကောင်စီက ထုတ်ပြန်သည့် အမိန့်၊ညွန့်ကြားချက်များကို မလိုက်နာသူများအား ဖမ်းဆီးရန် ဥပဒေပြင်ခြင်းတို့ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook