Connect with us

Hi, what are you looking for?

News

စစ်ကောင်စီသတင်းပေးဟုဆိုသော ရှေ့နေကို အရာတော်နင်ဂျာအဖွဲ့က သတ်

ယနေ့ (အောက်တိုဘာလ ၁၃ ရက်)တွင် မုံရွာမြို့ ပြည်တော်သာရပ်ကွက်(ယခင် အက်တောရွာ)မှ စစ်သတင်းပေး/ဒလန်အကြီးစားဖြစ်သူ ရှေ့နေဇေမင်း (ခေါ် )ဇင်မင်းထွန်း အား အရာတော်‌တောင်ပိုင်းနင်ဂျာများက ခရီးသွားဟန်လွှဲ လုပ်ကြံသုတ်သင်ခဲ့ကြောင်း အရာတော်နင်ဂျာ မောင်ဒေဝါ စာမျက်နှာက သတင်းထုတ်ပြန်သည်။

မုံရွာမြို့မှ စစ်ကောင်စီသတင်းပေး ရှေ့နေအမျိုးသားတစ်ဦးအား အရာတော်နင်ဂျာအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ယနေ့ (အောက်တိုဘာလ ၁၃ ရက်)တွင် မုံရွာမြို့ ပြည်တော်သာရပ်ကွက်(ယခင် အက်တောရွာ)မှ စစ်သတင်းပေး/ဒလန်အကြီးစားဖြစ်သူ ရှေ့နေဇေမင်း (ခေါ် )ဇင်မင်းထွန်း အား အရာတော်‌တောင်ပိုင်းနင်ဂျာများက ခရီးသွားဟန်လွှဲ လုပ်ကြံသုတ်သင်ခဲ့ကြောင်း အရာတော်နင်ဂျာ မောင်ဒေဝါ စာမျက်နှာက သတင်းထုတ်ပြန်သည်။

“ဇေမင်းက ဒလန်အကြီးစားရယ်၊ ကျုပ်တို့ကို မုံရွာမဟာမိတ်တွေက သတင်းပေးအတည်ပြုတဲ့အတွက် လမ်းကြုံသွားရှင်းပေးလိုက်တာ။ အရာတော်က အုပ်ကြီးတွေ၊ ဒလန်တွေလည်း အလှည့်ကျပါမယ်။ နင်ဂျာတွေက မင်းတို့ကို စောင့်ကြည့်နေတယ်ဆိုတာသိထားပါ”ဟု အရာတော်တောင်ပိုင်းနင်ဂျာတစ်ဦးက ပြောကြားခဲ့ကြောင်း အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေးစာမျက်နှာက အသိပေးသည်။

၎င်းသေဆုံးမှုကို စစ်ကောင်စီအလိုကျသတင်းများ ရေးသားလေ့ရှိသည့် VOM(Voice of Myanmar) က ဇင်မင်းထွန်းမှာ မုံရွာမြို့မှ ဆန္ဒပြခေါင်းဆောင်ဖြစ်သောကိုဝေမိုးနိုင်၏ ရှေ့နေတစ်ဦးဟုဖော်ပြခဲ့သဖြင့် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက သတင်းအမှားရေးသားသည့် VOM ကိုပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ညတွင်ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“အဆိုပါရှေ့နေသည် ကိုဝေမိုးနိုင်၏ မည်သည့်အမှုကိုမျှ လိုက်ပါဆောင်ရွက်ခြင်း မရှိသကဲ့သို့ ကိုဝေမိုးနိုင်၏ အမှုများကို တွဲဘက်လိုက်ပါ ကူညီပေးနေသူလည်း မဟုတ်ကြောင်း အတိအလင်း ထုတ်ပြန်အပ်ပါသည်။ VOM Page သည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပတ်သက်လျှင် ဖြစ်စေ၊ တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဖြစ်စေ သတင်းရေးသားလျှင် မှန်ကန်မှု မရှိသည့် အချက်အလက်များကို ထည့်သွင်း၍ ပုံဖျက်ရေးသားနေသည့် သတင်းမီဒီယာ အယောင်ဆောင် အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ် ဝါဒဖြန့် Page ဖြစ်သည့်အတွက် VOM Page တွင် တင်သမျှ သတင်းတိုင်းကို ချင့်ချိန်စိစစ်သင့်ပါကြောင်း ပြည်သူလူထုတစ်ရပ်လုံးကို တိုက်တွန်းအပ်ပါသည်”ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။