Connect with us

Hi, what are you looking for?

News

ရထားလမ်းပိုင်းပေါက်ကွဲမှုဖြစ်လို့ သွားကြည်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာချိန် ထပ်မံပေါက်ကွဲမှုဖြစ်ပွား

ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးလောက် သေဆုံးတယ်လို့ သတင်းထွက်နေတယ်ပေမယ့်စစ်ကောင်စီဘက်က ဒါကိုငြင်းဆိုထားပါတယ်။

People's Spring
People's Spring

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် ပုလိပ်မြို့အနီး ရန်ကုန် -မန္တလေးရထားလမ်းပိုင်းမှာ ဒီနေ့မနက် ၇ နာရီလောက်က ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ရန်ကုန်-မန္တလေးရထားလမ်း မိုင်တိုင် ၇၃၁မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံကနေစုံစမ်းသိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကသွားရောက်ကြည်ချိန်မှာ ပေါက်ကွဲမှု ထပ်ဖြစ်ခဲ့တယ်လို့. ပလိပ်မြို့မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးလောက် သေဆုံးတယ်လို့ သတင်းထွက်နေတယ်ပေမယ့်စစ်ကောင်စီဘက်က ဒါကိုငြင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ရထားသံလမ်းနဲ့ ဇလီဘာတုံးတွေ ပျက်စီးခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ လကလည်း ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ စာပို့ရထားတစ်စီးမိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။