Connect with us

Hi, what are you looking for?

News

ထားဝယ်၊​ လောင်းလုံနှင့် သရက်​ချောင်းမြို့နယ်ရှိ အ​မေရိကန်နိုင်ငံသားများ အမြန်ဆုံးထွက်ခွာရန် သံရုံးသတိ​ပေး

ထို့အပြင် စစ်ကောင်စီက နိုင်ငံခြားသားများအတွက် လုံခြုံရေးအာမခံမပေးနိုင်ခြင်းကြောင့် အမြန်ထွက်သွားရန်လိုအပ်သည်ဟု အကြောင်းကြားစာတွင် ပါရှိကြောင်း သံရုံးကဆိုသည်။

တနသ်ာရီတိုင်းရှိ ထားဝယ်၊ လောင်းလုံနှင့် သရက်ချောင်းမြို့နယ်​များတွင်နေထိုင်​သော အမေရိကန်နိုင်ငံသားများ အမြန်ဆုံးထွက်ခွာရန် အမေရိကန်သံရုံးက ယနေ့(​အောက်တိုဘာ ၁၄)တွင် သတိပေးထုတ်ပြန်သည်။

စစ်ကောင်စီက နိုင်ငံခြားသားများကို ထားဝယ်၊သရက်ချောင်းနှင့် လောင်းလုံမြို့နယ်တို့မှ ချက်ချင်းထွက်ခွာရမည်ဟု အကြောင်းကြားလာခြင်းကြောင့်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီက နိုင်ငံခြားသားများအတွက် လုံခြုံရေးအာမခံမပေးနိုင်ခြင်းကြောင့် အမြန်ထွက်သွားရန်လိုအပ်သည်ဟု အကြောင်းကြားစာတွင် ပါရှိကြောင်း သံရုံးကဆိုသည်။

အမေရိကန်သံရုံးက ၎င်းတို့နိုင်ငံသားများကို ထိုမြို့နယ် သုံးခုသို့မသွားရန်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း လုံခြုံရေးဂရုပြု သွားလာနေထိုင်ကြရန် အကြံပေးသည်။

Public Service Announcement

Public Service Announcement

အမေရိကန်အစိုးရက ၎င်း၏နိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံအတွင်း ခရီးမသွားရန်နှင့် နိုင်ငံတွင်းမှ အမြန်ဆုံးထွက်ခွာရန် အကြံပေးချက်ထုတ်ပြန်ထားဖူးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန် စစ်တပ် ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း စွပ်စွဲပြီး အီရန်ကို အမေရိကန်က စစ်ရေးအရ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။