Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းပြီးပြစ်ဒဏ်ချထားသူ ၁,၃၀၀ကျော်နှင့် တရားစွဲဆိုထားသူ ၄,၃၀၀ ကျော်ကို ပြန်လွှတ်ပေးမည်

မတရားဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံရသူ ၁,၃၁၆ ဦးကို ပြန်လွှတ်ပေးရာတွင် နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ရှိကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွှတ်ပေးခြင်းဖြစ်သည်။

People's Spring
People's Spring

အြကမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ မတရားဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးတပ်ကာ ပြစ်ဒဏ်ချမှတ်ထားသည့် ပြည်သူများအနက် ၁,၃၀၀ ကျော်ကိုပြန်လွှတ်ပေးခဲ့ပြီး တရားစွဲဆိုထားသည့် ပြည်သူ ၄,၃၀၀ ကျော်ကို အမှုပိတ်သိမ်းပေးခဲ့ကြောင်း ထုတ်ပြန်သည်။

မတရားဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံရသူ ၁,၃၁၆ ဦးကို ပြန်လွှတ်ပေးရာတွင် နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ရှိကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွှတ်ပေးခြင်းဖြစ်သည်။

ထို့ပြင် တရာစွဲဆိုခြင်း ခံရသူ ၄,၃၂၀ဦးကို ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းခဲ့ကြောင်း ကြေညာသည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်အာဏာရှင်ဖြုတ်ချရေး လှုပ်ရှားမှုတွင် ပါဝင်သူများစွာကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများကို အာဏာသိမ်းပြီး ၈လကျော်အတွင်းဆက်တိုက်ပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုသို့ အကြမ်းဖက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည့် စစ်ကောင်စီက ၎င်းတို့ မတရားဖမ်းဆီးအရေးယူထားသူများကို ပြန်လွှတ်ပေးရာနတွင် လူသားချင်းစာနာထောက်ထားမှုကို အလေးထား၍ လွှတ်ပေးခြင်းဖြစ် သည်ဟု ဖော်ပြခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)က ပြုစုထားသည့် စာရင်းများအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သည် ပြည်သူ ၁,၁၇၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၉,၀၀၀ ကျော်ကို ဖမ်းဆီးကာ ၇,၃၀၀ ကျော်ကိုချုပ်နှောင်ထားဆဲဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အရေအတွက်များသည် စာရင်းပြုစုထားနိုင်သည့်အရေအတွက်များသာဖြစ်ပြီး လူမသိသူမသိ ဖမ်းဆီး သတ်ဖြတ်ခံရသူများ ဖမ်းဆီးခံထားရသူများလည်း ရှိနိုင်သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရင်က အင်တာဗျူး အသံဖိုင်တွေနဲ့ စာသား မှတ်တမ်းတွေ ထုတ်ပြန်လာမှာကို တားဆီးဖို့အတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်က အမေရိကန် တရားရေး ဝန်ကြီးဌာနကို တရားစွဲဆိုခဲ့ပါတယ်။

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင် သမ္မတရာထူး မရယူခင်တစ်ရက်အလိုမှာပဲ ရိုဟင်ဂျာ​တွေအ​ပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ တရားစွဲဆိုမယ်လို့ Myanmar Accountability Project ကသတင်းထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ရထားပေါ်မှာရေတွေထွေးထုတ်ခဲ့လို့လူပြောများခဲ့တဲ့အမျိုးသမီးကို စင်ကာပူမှာ အများပြည်သူ အနှောင့်အယှက် ဖြစ်စေမှုနဲ့ တရားစွဲဆိုထားကြောင်း သိရပါတယ်။

သတင်း

MNDAA-မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မ​တော်က စစ်ကောင်စီစစ်သားစစ်သုံ့ပန်း ၅၀၀ကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုးကန့်တပ်MNDAAက သတင်းထုတ်ပြန်ပါတယ်။