Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ၏ ဗဟိုဘဏ်က ​တစ်​နေ့တည်း​ဒေါ်လာ သန်း ၅၀ ထုတ်​ရောင်းဟုထုတ်ပြန်

နိုင်ငံအနှံ စစ်ရေးတင်းမာလာချိန်တွင် စစ်တပ်အတွက် စက်သုံးဆီဝယ်ယူနိုင်ရန် လုပ်ငန်းရှင်များကို အဓိက ရောင်းချခြင်းဖြစ်သည်ဟု ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဈေးကွက်အတွင်းသို့ ဒေါ်လာ သန်း ၅၀ကို ပေါက်ဈေးထက် ကျပ်၂၅၀ လျော့၍ ရောင်းချကြောင်း အောက်တိုဘာ ၁၈ ရက်တွင်ထုတ်ပြန်သည်။

အဆိုပါပမာဏသည် စစ်တပ်အာဏာသိမ်းပြီးနောက်တစ်ကြိမ်တည်း​ရောင်းချမှုတွင် ပမာဏအများဆုံးထုတ်ရောင်းခြင်းဖြစ်ပြီး ဈေးကွက်အတွင်း တစ်ဒေါ်လာကို ၂၀၇၀ကျပ်ပေါက်ဈေးရှိနေချိန်တွင် ပေါက်ဈေးထက် လျော့ချရောင်းချလိုက်ခြင်းဖြစ်သည်။ ထိုသို့ထုတ်​ရောင်းသည်ဆို​​သော်လည်း လက်​တွေ့ ​ရောင်းချခြင်းရှိ ၊မရှိကိုမူ People’s Spring ကအတည်မပြူနိုင်​ပေ ။

နိုင်ငံအနှံ စစ်ရေးတင်းမာလာချိန်တွင် စစ်တပ်အတွက် စက်သုံးဆီဝယ်ယူနိုင်ရန် လုပ်ငန်းရှင်များကို အဓိက ရောင်းချခြင်းဖြစ်သည်ဟု ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“အခုကတစ်နိုင်ငံလုံး စစ်ရေးအရှိန်မြင့်လာနေတော့ စစ်တပ်အတွက် စက်သုံးဆီလိုမျိုး၊ ဆေးဝါးလိုမျိုး လိုတာတွေကို ဖြည့်တင်းဖို့ လုပ်တယ်လို ထင်ပါတယ်”ဟု ၎င်းကသုံးသပ်သည်။ထိုပြင် ၆လတာ ဘတ်ဂျတ်အတွက် လုပ်ငန်းရှင်များလိုအပ်သည့် ဒေါ်လာကို ဖြည့်တင်းပေးခြင်းလည်း ဖြစ်နိုင်သည်ဟု ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

အာဏသိမ်းစစ်ကောင်စီဟာ ၎င်းတို့အာဏာသိမ်းထားသည့် ၈လခွဲကျော်ကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ခန့် ကို ၎င်းတို့ထိန်းချုပ်ထားသည့် ဗဟိုဘဏ်ကတဆင့် လုပ်ငန်းရှင်များကို ရောင်းချခဲ့သည်။ ရောင်းချရာတွင်လည်း ပေါက်ဈေးတက်ဈေးလျော့ရောင်းချခဲ့သည်ဟုထုတ်ပြန်သည်။သို့​သော် ၎င်းတို့​ရောင်းချ​​သော​​ဒေါ်လာများမှာ ​ငွေလဲ​ကောင်တာလုပ်ငန်းလုပ်ကိုင်သူများသို့ပင်မ​ရောက်​ဘဲ ၊စက်သုံးဆီတင်သွင်းသူများ၊ဘဏ်များသာအဓိကဝယ်ယူရ​ကြောင်းလုပ်ငန်းရှင်များက​ပြောသည်။

“လုပ်ငန်းရှင်တွေအတွက် ဒေါ်လာလို့အပ်ရင် အရင်ကလို့ ငွေလဲကောင်တာတွေမှာ တိုက်ရိုက်ဝယ်မရတော့ ဗဟိုဘဏ်က ရောင်းပေးတဲ့ သဘောဖြစ်သွားတယ်။ ဒေါ်လာကို သူတို့က ထိန်းချုပ်ထားတယ်”ဟု ဗိုလ်တထောင်မြို့နယ်မှ ငွေလဲကောင်တာပိုင်ရှင်တစ်ဦးက ပြောသည်။

စစ်ကောင်စီက ပြည်တွင်းအတွက် လိုအပ်သည့် ဆေးဝါး၊ စက်သုံးဆီနှင့် စားသုံးဆီများကို ပြည်ပမှ တင်သွင်းရန် ဒေါ်လာများကို လုပ်ငန်းရှင်များထံ ပေါက်ဈေးထက် နှိမ့်ရရောင်းချခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီး ၈လအကြာ စက်တင်ဘာလကုန်ပိုင်းတွင် တစ်ဒေါ်လာကို ၂၈၀၀ကျပ် အထိစံချိန်တင်မြင့်တက်ခဲ့ပြီးနောက် စစ်ကောင်စီက ယခင်စစ်အစိုးရများလုပ်သကဲ့သို့ ဈေးကွက်အတွင်း ဒေါ်လာထိန်းချုပ်မူများကိုဆက်တိုက် ပြုလုပ်ခဲ့သည်။ ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေဒေါ်လာများကို ရပ် ၃၀အတွင်း အတင်းအဓမ္မရောင်းချစေခြင်း၊ ငွေလဲကောင်တာများတွင် ဒေါ်လာကို အဝယ်သာလက်ခံပြီး အများပြည်သူထံ ဒေါ်လာ ပြန်လည်ရောင်းချခြင်းကို တားမြစ်ခြင်းစသည်တို့ကို ပြုလုပ်ခဲ့သည်။ ၎င်းတို့၏ ညွန့်ကြားချက်၊ အမိန့်များကို မနာခံသူများအား ဖမ်းဆီးထောင်ချရန် ဥပဒေများပြင်ဆင်ခြင်းတို့ကို အကြမ်းဖက်စစ်ကောင်စီက လုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ခရိုနီ ဦးတေဇနဲ့ သားဖြစ်သူကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ သတ်မှတ်ချက်တွေ မလိုက်နာဘဲ ပို့ကုန်ရငွေတွေ အပြည့်အဝပြန်မသွင်းတာကြောင့်ဆိုပြီး စစ်ကောင်စီရဲ့ ဗဟိုဘဏ်က အမည်ပျက်စာရင်း (Black List) သွင်းလိုက်ပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။