Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ရေနွေးပူဖြင့်လောင်းချသည့် စမ်းချောင်းက အမျိုးသမီးငါးဦး ယနေ့လွတ်မည်

မအိအိအောင်၊မခင်နှင်းဦး၊ မယုယုဝင်း၊မဒေလီယာမောင် နှင့် မစန္ဒာစိုးတို့သည် စစ်ကောင်စီ၏တပ်ဖွဲ့များ လမ်းအတွင်းဝင်ရောက်လာစဥ် တိုက်ခန်းပေါ်မှ ရေနွေးပူဖြင့် လောင်းကာ အာဏာရှင်ကို ရရာနည်းဖြင့် ဆန့်ကျင်ခဲ့ကြသူများဖြစ်သည်။

စမ်းချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များကို တိုက်ပေါ်မှ ရေနွေးပူဖြင့်လောင်းချမှုကြောင့် ဖမ်းဆီးခံထားရသည့် အမျိုးသမီးငါးဦးမှာ ယနေ့(အောက်တိုဘာ၁၉) လွတ်မည့်စာရင်းတွင်ပါဝင်ကြောင်း ၎င်းတို့၏ ကိုယ်စားလှယ်ရှေ့နေ ဦးသက်နောင်က People’s Spring အတည်ပြုပြောသည်။

မအိအိအောင်၊မခင်နှင်းဦး၊ မယုယုဝင်း၊မဒေလီယာမောင် နှင့် မစန္ဒာစိုးတို့သည် စစ်ကောင်စီ၏တပ်ဖွဲ့များ လမ်းအတွင်းဝင်ရောက်လာစဥ် တိုက်ခန်းပေါ်မှ ရေနွေးပူဖြင့် လောင်းကာ အာဏာရှင်ကို ရရာနည်းဖြင့် ဆန့်ကျင်ခဲ့ကြသူများဖြစ်သည်။

မတ်လ ၂ ရက်က ထိုဖြစ်စဥ်တွင် စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့ နေထိုင်ရာ တိုက်ခန်းကို ချိုးဖျက် ဖမ်းဆီးသွားခဲ့သည်။

“စုစုပေါင်းဆို ရှစ်လ နီးပါးကြာခဲ့တာပေါ့။သူတို့မိဘတွေကလည်းနယ်ကဆိုတော့ အရမ်းခက်ခဲတယ်။လွတ်လာတဲ့စာရင်းထဲပါလာတော့ အရမ်းဝမ်းသာမိတယ်”ဟု တရားလွတ်တော်ရှေ့နေ ဦးသက်နောင်က ပြောသည်။

Public Service Announcement

Public Service Announcement

မအိအိအောင်၊မခင်နှင်းဦး၊ မယုယုဝင်း၊မဒေလီယာမောင် နှင့် မစန္ဒာစိုးတို့သည် အင်းစိန်ထောင်၏ အမျိုးသမီးအချုပ်ဆောင် (၃)တွင်နေထိုင်ခဲ့ရပြီး ယခုရက်ပိုင်းအတွင်း ဖျားနာမှုများ ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ မတရားဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးတပ်ကာ ပြစ်ဒဏ်ချမှတ်ထားသည့် ပြည်သူများအနက် ၁,၃၀၀ ကျော်ကိုပြန်လွှတ်ပေးခဲ့ပြီး တရားစွဲဆိုထားသည့် ပြည်သူ ၄,၃၀၀ ကျော်ကို အမှုပိတ်သိမ်းပေးခဲ့ကြောင်း အောက်တိုဘာ ၁၈ ရက်ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်