Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ဒီမိုကရေစီသူရဲကောင်းဆု John McCain Freedom Award လက်ခံရယူ

ဒီမိုကရေစီသူရဲကောင်းတွေအဖြစ် ရွေးချယ်ချီးမြှင့်တဲ့ အဲဒီ ဆုပေးပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်မှာ မနေ့ (အောက်တိုဘာ ၁၉ )က ပြုလုပ်ကျင်းပခဲ့တာပါ။

ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အပြည်ပြည်ဆိုင်ရာရီပက်ဗလစ်ကန်အင်စတီကျု(IRI)က ပေးအပ်ချီးမြှင့်တဲ့ ၂၀၂၁ ခုနှစ် လွတ်လပ် ခွင့်ဆု(John McCain Freedom Award)ကို မနေ့က ကိုယ်တိုင်လက်ခံရယူခဲ့ပါတယ်။

ဒီမိုကရေစီသူရဲကောင်းတွေအဖြစ် ရွေးချယ်ချီးမြှင့်တဲ့ အဲဒီ ဆုပေးပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်မှာ မနေ့ (အောက်တိုဘာ ၁၉ )က ပြုလုပ်ကျင်းပခဲ့တာပါ။

အဲဒီဆုဟာ ဖိနှိပ်၊အကြမ်းဖက်မှုတွေကြားက စစ်အာဏာ ရှင်ကို ရဲရဲဝံ့ဝံ့တွန်းလှန်နေတဲ့ မြန်မာပြည်သူတွေအတွက် ဖြစ်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောဆိုထားပါတယ်။

ကမ္ဘာတဝန်းဒီမိုကရေစီမြှင့်တင်ရေးအဖွဲ့ IRI ဟာ လစ်ယူယေးနီးယားဝန်ကြီးချုပ်၊ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ ဘီလာရုစ်နိုင်ငံရေးအကျဉ်းသားများအရေး ညှိနှိုင်းရေးကောင်စီကိုယ်စားလှယ်နဲ့ ဂရမ်မီဆုရှင်ကျူးဘားအနုပညာရှင်တို့ကို ၂၀၂၁ ခုနှစ် ဒီမိုကရေစီသူရဲကောင်းတွေအဖြစ် ရွေးချယ်သတ်မှတ်ခဲ့ပြီး John McCain Freedom Award ကို ပေးအပ်ချီးမြှင့်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ John McCain Freedom Award ကို ၁၉၉၉ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သာမာန်သူတွေအတွက် အိပ်ယာထ၊မျက်စိနှစ်လုံးပွင့်တာဟာ အသေးအမွှားကိစ္စလိုဖြစ်နေပေမယ့် ဒီစင်တာထဲမှာတော့ လူနာ တွေ လမ်းပြန်လျှောက်နိုင်တာ၊ လက်ကလေးဖြန့်နိုင်တာ ၊ အသက်ရှင်လျှက် နိုးထရတာတွေဟာ စင်တာအတွက်တော့ တန်ဖိုး ဖြတ်မရနိုင်တဲ့ အရာတွေဖြစ်နေပါတယ်။

သတင်း

ယနေ့(နိုဝင်ဘာ ၈ ရက်)ကျရောက်သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲ သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့တွင် အနိုင်ရပါတီ NLD က တိုင်းရင်းသား ပြည်သူလူထုက အပ်နှင်းလိုက်သော ဆင့်လွှဲတာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဟု ဖော်ပြသည်။

သတင်း

မြန်မာပြည်သူများက​ စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်နေခြင်းသည် အိမ်နီးချင်းနိုင်ငံများအတွက်သာမက မည်သည့် နိုင်ငံ၏ အကျိုးစီးပွားကိုမျှ ထိပါးစေမည် မဟုတ်သော်လည်း တရားမဝင် စစ်အာဏာသိမ်းမှုကြောင့်မူ ဒေသအတွင်းသို့ စိုးရိမ်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများ ဖိတ်စင်နေပြီဖြစ်ကြောင်း သံအမတ်ကြီးက အသိပေးသည်။

သတင်း

မြန်မာနိုင်ငံတွင် အကျပ်အတည်းကို အပြည့်အဝဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ကျူးလွန်သူများအား တာဝန်ခံမှုရှိလာစေရန်လုပ်ဆောင်ရမည်ဟု သံအမတ်ကြီးက ပြောသည်။