Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဓာတုလက်နက်အသုံးပြုလာပါက ကြိုတင်ကာကွယ်ပြင်ဆင်ရန် နည်းလမ်းများ NUG ထုတ်ပြန်

အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများ အသုံး ပြုတိုက်ခိုက်ခြင်းကြောင့် လူသားများ၏ ကျန်းမာရေးကို ချက်ချင်းထိခိုက်စေပြီး အဆိပ်ဖြစ်စေသော ဓာတု ပစ္စည်းမျာကိုအရေပြားမှ စုပ်ယူလျှင်ဒဏ်ရာ သို့မဟုတ် သေစနိုင်သည်ဟု ဖော်ပြထားသည်။

ဓာတုလက်နက်အသုံးပြုလာပါက ပြည်သူလူထု တစ်ရပ်အနေဖြင့် ကြိုတင်ကာကွယ် ပြင်ဆင်နိုင်ရန် နည်းလမ်း များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာနက ယနေ့(အောက်တိုဘာ၂၁)ထုတ်ပြန်လိုက်သည်။

အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများ အသုံး ပြုတိုက်ခိုက်ခြင်းကြောင့် လူသားများ၏ ကျန်းမာရေးကို ချက်ချင်းထိခိုက်စေပြီး အဆိပ်ဖြစ်စေသော ဓာတု ပစ္စည်းမျာကိုအရေပြားမှ စုပ်ယူလျှင်ဒဏ်ရာ သို့မဟုတ် သေစနိုင်သည်ဟု ဖော်ပြထားသည်။

အာရုံကြောစနစ်များ ထိခိုက်ပျက်စီးစေနိုင်ပြီး ခန္ဓာကိုယ်တွင်း အောက်စီဂျင်ပြတ်လပ်ကာ ချက်ချင်း သတိလစ်ခြင်း၊ ဦးနှောက်ထိခိုက်ခြင်း၊ သေဆုံးခြင်ဖြစ်နိုင် ကြောင်း၊ ဓာတု ပစ္စည်းများကြောင့် ထိခိုက်ပျက်စီးနိုင်မှုသည် အဆိပ်သင့်မှု ပမာဏ၊ ဓာတုပစ္စည်းပါဝင်မှု ပြင်းအား၊ ထိတွေ့သက်ရောက်နိုင်သော လမ်းကြောင်းအနေအထားများနှင့် ထိတွေ့မှု ကြာချိန် စသည်တို့အပေါ်တွင် မူတည်သည်ဟုဆိုသည်။

ဓာတုလက်နက်အန္တရာယ်သည် အကယ်၍ အဆောက် အဦးအတွင် သို့မဟုတ် ပိတ်မိနေသောနေရာများ တွင် ကျရောက်ပါက ညစ်ညမ်းနေသောနေရာမှ အမြန်ထွက်ခွာပြီး သန့်ရှင်းသော လေရရှိရန် အမြန်ဆုံးလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဝတ်အစားမျာ ချက်ချင်ချွတ်ပြီး ပလက်စတစ်အိတ်အတွင်းထည့် အလုံပိတ်ထာရန်၊ ဆပ်ပြာရည် နှင့် ရေသုံး၍ အရေပြားကို ရေးများများဖြင့် ဆေးကြောခြင်း၊ ထိတွေ့မိသော မျက်လုံးများအား ရေများများဖြင့် ဆေးကြောခြင်းများပြုလုပ်ရန်၊ အဝတ်အစားလဲဝတ်ရန် အသိပေးထားသည်။

ချက်ချင်းလက္ခဏာမပြသော်လည်း ထိတွေ့ခံရပါက ဆေးစစ်မှုခံယူရန်လည်း အကြံပြုထားသည်။

ဓာတုလက်နက်အန္တရာယ်သည် အကယ်၍ အဆောက် အဦးပြင်ပ သို့မဟုတ် ဟင်းလင်းပြင်နေရာများတွင် ကျရောက်ပါက အခိုးအငွေ့နေရာနှင့် ဝေးရာ အမြန်ရှောင်ထွက်ရန်၊ လုံခြုံစိတ်ချရသောအဆောက်အဦးအတွင် အမြန်ဆုံးသွားရောက်ပြီး ပြတင်းပေါက်များ၊ တံခါးပေါက်များအပါအဝင် လေဝင်ပေါက်များ အားပိတ်ထားရန် ၊ လေအေးပေးစက်များ ပိတ်ပြီး လေဝင်လေထွက်ကို ပိတ်ရန် စသည်အချက်များကို ဖော်ပြထားသည်။

ပြတင်းပေါက်များ တံခါးများနှင့် လေဝင်လေထွက်ပေါက်များအားလုံးကို ပလက်စနစ် သို့မဟုတ် တိတ်ဖြင့် ပိတ်ထားရန် ၊ အကာအကွယ်ဖြစ်စေသော အဝတ်မရှိပါက သားရေ သို့မဟုတ် မိုးကာအင်္ကျီကဲ့သို့ ထူသော အဝတ်ကို ဝတ်ရန်၊ လက်အိတ်များ၊ရော်ဘာ ဖိနပ် သို့မဟုတ် ဘွတ်ဖိနပ်နှင့် အခြားရာဘာအမျိုးအစားများကို ဝတ်ရန်စသည့်အချက်များလည်း ကာကွယ်ရေးနည်းလမ်းများ၌ ပါရှိသည်။

ကားအတွင်းရောက်ပါက တံခါးပိတ်ထားပြီး လေအေးပေးစက်နှင့် အခြား ဖွင့်ထားသော အရာများ ပိတ်ရန်၊ တိုက်ခိုက်ခံရသောနေရာနှင့် ဝေးရာသို့ အမြန်ရှောင်ရှားရန်၊ လေကြောင်းနှင့် ဆန့်ကျင်သောဘက်သို့ ရှောင်ရှားရန်၊ Mask ချက်ချင်း တပ်ဆင်ရန်၊ အမိုးအကာတွေ့ပါက ကားအတွင်းမှ အမိုးအကာ ရှိရာသို့ရွှေ့ရန် ဖော်ပြထားသည်။

အန္တရာယ်လွန်မြောက်ချိန် ရောက်ပါက လုပ်ဆောင်ရမည့် အချက်များတွင် မိသားစုဝင်များကို စောင့်ကြည့်ပြီး မူမမှန်သော လက္ခဏာများတွေ့ပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားရန်လိုအသည်ဟုဆိုသည်။

သတင်းအချက်အလက်များရရှိရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ရန် နှင့် ရှေးဦးသူနာပြုစုနည်းများကို လေ့လာထားရန်လည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။