Connect with us

Hi, what are you looking for?

LuduNwayOo

News

တပ်ရင်းမှူးအပါအဝင် သေဆုံးတပ်ဖွဲ့ဝင်များ၏ အလောင်းများကို စစ်ကောင်စီက အမှိုတ်အိတ်ဖြင့်ထုတ် သင်္ချိုင်း၌ ဖြစ်သလိုစွန့်ပစ်ဟု KNU ထုတ်ပြန်

အောက်တိုဘာ ၂၀ရက်က KNU တပ်မဟာ(၆)နယ်မြေ ၀င်းရေးမြို့နယ်တွင် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟုဆိုသည်။တိုက်ပွဲ နှစ်ကြိမ်အတွင်း စစ်ကောင်စီဘက်မှ ယာယီတပ်ရင်းမှူးဗိုလ်မှူး သန်းဝင်းထွန်းအပါအဝင် ရှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြ သည်။

ကရင်အမျိုသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ် မြေ တိုက်ပွဲ၌ သေဆုံးခဲ့သည့် ယာယီတပ်ရင်းမှူးအပါ အဝင် စစ်ကောင်စီတပ်မှ သေဆုံးသူများ၏ ရုပ်အလောင်းများကို ဖြစ်သလို စွန့်ပစ်သွားကြောင်း KNU ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့(အောက်တို ဘာ၂၁) သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၂၀ရက်က KNU တပ်မဟာ(၆)နယ်မြေ ၀င်းရေးမြို့နယ်တွင် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟုဆိုသည်။တိုက်ပွဲ နှစ်ကြိမ်အတွင်း စစ်ကောင်စီဘက်မှ ယာယီတပ်ရင်းမှူးဗိုလ်မှူး သန်းဝင်းထွန်းအပါအဝင် ရှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြ သည်။

စစ်ကောင်စီမှ ယာယီတပ်ရင်းမှူးဗိုလ်မှူးသန်းဝင်းထွန်း အပါအဝင်တပ်ဖွဲ့ဝင်များ၏ အလောင်းများကို အမှိုက်အိတ်အမဲများဖြင့်ထုပ်၍ သံဖြူဇရပ်မြို့နယ် သင်္ချိုင်းပေါ်တွင် ဖြစ်သလို လာရောက်စွန့်ပစ်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလရ (၂၈၃)သည် နို့ချို့နယ်စခန်းသို့ တက်ရောက် ပြီး စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေစဉ် KNU တပ်မဟာ(၆) တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွား ခဲ့ခြင်းဖြစ် သည်ဟုဆိုသည်။၀င်းရေးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းမပေါ်ရှိ သံပုရာရွာနှင့် ခုံခံရွာအကြား၌ တစ်ကြိမ်၊ သံပုရာရွာ နှင့် အနန်းကွင်းရွာကြားတွင် တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ ခုနစ်ခုရှိသည့်အနက် ယခုလအတွင်း KNU တပ်မဟာ(၆)၊ တပ်မဟာ(၅)နှင့် တပ်မဟာ(၁) နယ်မြေများ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုများရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။