Connect with us

Hi, what are you looking for?

News

မြရည်နန္ဒာအိမ်ရာအနီး စစ်ကောင်စီ တပ်စွဲထားတဲ့ လုံခြုံရေးကင်းထဲ ပေါက်ကွဲမှုဖြစ်လို့ ၁ ဦးသေ ၊ ၂ ဦးဒဏ်ရာရ

ပေါက်ကွဲမှုကတော့ အောက်တိုဘာလ ၂၃ ရက် မနက်ပိုင်း ၁၁ နာရီလောက်ကဖြစ်ခဲ့တာပါ။

People's Spring
People's Spring

မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ဘောလုံးကွင်းက လုံခြုံရေးကင်းမှာ ပေါက်ကွဲမှုဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ် ၁ ဦးသေဆုံးပြီး ၂ဦးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့သိရပါတယ်။

ပေါက်ကွဲမှုကတော့ အောက်တိုဘာလ ၂၃ ရက် မနက်ပိုင်း ၁၁ နာရီလောက်ကဖြစ်ခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ် ၁ ဦးသေဆုံးကာ ၊ တပ်သား ၁ ဦးနဲ့ တပ်ကြပ် ၁ ဦး ဒဏ်ရာရသွားပြီး နန်းတွင်းဆေးရုံမှာကုသမှုပေးနေရတယ်လို့သိရပါတယ်။

သေဆုံးသွားသူဟာ အသက် ၅၃နှစ်အရွယ်ဖြစ်ပြီး ခါးအောက်ပိုင်းပြတ်ကာသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဟာ ၄၉လမ်းမပေါ်မှာ စစ်ဆေးတာတွေ၊ လမ်းပိတ်ဆို့တာတွေပြုလုပ်ခဲ့ပြီး ညနေ ၅နာရီလောက်မှ လမ်းကိုပြန်လည်ဖွင့်ပေးခဲ့ ပါတယ်။

မြရည်နန္ဒာအိမ်ရာဝင်းအတွင်းမှာ ပြီးခဲ့တဲ့လပိုင်းတုန်းက မိုင်တဲလ်တာဝါတိုင် သုံးခုဖောက်ခွဲခံရမှုဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook